ဒီ ရုပ်ရှင်ဟာ New York Timesရဲ့ ရောင်းအားအကောင်းဆုံးစာအုပ်ဖြစ်တဲ့ Tawni O’Dellရဲ့ Black Road ကိုရိုက်ထားတဲ့ IMDB 7.1အထိ ရထားတဲ့ Drama,Thriller ဇာတ်ကားကောင်းတစ်ကားပါ။ ဝတ္တုကလည်းကောင်း IMDBကလည်းမြင့်မို့ ကြည့်ရတာတန်စေမဲ့ သဲထိတ်ရင်ဖိုကားတစ်ကားဆိုတာတော့မြေကြီးလက်ခတ်မလွဲပါပဲ။ Harley Atmeyer ဆိုတဲ့ လူငယ်တစ်ယောက်ဟာနှိပ်စက်တတ်တဲ့သူ့အဖေကို သူ့အမေက သတ်ပြီးထောင်ထဲရောက်သွားတဲ့နောက်မှာ ကောလိပ်ဆက်မတက်ပဲ ထွက်ခဲ့ရပါတယ်။ ဒီ့နောက် ပင်ဆယ်ဗေးနီယားပြည်နယ်ရဲ့ ကျေးလက်တစ်နေရာမှာညီမသုံးယောက်ကို စောင့်ရှောက်ဖို့ ပျိုးထောင်ဖို့ဘာမှ အနာဂတ်မျှော်လင့်ချက်မရှိတဲ့အလုပ်တွေကိုလုပ်နေခဲ့ရပါတယ်။ အဲ့ဒီနားမှာပဲနေတဲ့ လက်ထပ်ပြီးသား အမျိုးသမီးတစ်ယောက်ကိုသူ အရူးအမူးချစ်ခဲ့မိတဲ့အခါမှာတော့ကံကြမ္မာဆိုးတွေဟာ မြင်းနက်ကြီးစီးပြီးဝင်လာသလိုအဖြစ်အပျက်တွေဟာ မထင်ထားရဲလောက်အောင်မြန်ဆန်စွာ ပေါ်ပေါက်လာပြီးသူ့မိသားစုရဲ့ သူမသိသေးတဲ့ အမှန်တရားတွေထိတ်လန့်စရာ လျှို့ဝှက်ချက်တွေဟာလည်းတစစ ရုပ်လုံးပေါ်လာပြီး.. သူ့ကို ထိတ်လန့်အောင်ဝါးမြိုလာတဲ့အခါ…….။