The Starling Girl HD

The Starling Girl

Drama HD 2023-05-12 7.3 116 Min

IMDb 6.9/10 ရရှိထားတဲ့ drama ဇာတ်ကားဖြစ်ပြီး ရှေးရိုးစွဲပြီးဘာသာရေးအရမ်းကိုင်းရှိုင်းတဲ့ခရစ်ယာန်လူ့အဖွဲ့အစည်းတစ်ခုကိုဇာတ်အိမ်တည်ထားတာပါ ဂျမ်ဆိုတဲ့ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ဟာဘာသာရေးတအားကိုင်းရှိုင်းတဲ့မိသားစုတစ်စုရဲ့သမီးဖြစ်ပြီး ဓမ္မတေးအကအဖွဲ့မှာလည်းတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပါတယ်သူတို့လူ့အသိုင်းအဝိုင်းဟာဘာသာရေးကိုတအားကိုင်းရှိုင်းလွန်းပြီးအပြစ်သေးသေးလေးလုပ်မိရင်တောင်အပြစ်ကင်းအောင်ပြန်ပေးဆပ်ခိုင်းတာမျိုးတွေလည်းရှိတာကြောင့် ဂျမ်တစ်ယောက်တရားဟောဆရာကိုစရင်ခုန်မိသွားပြီးသူနဲ့နီးစပ်သွားတဲ့အခါ ဘာသာရေးအရကျင့်ဝတ်တွေကိုဖောက်ဖျက်မိသွားပါတော့တယ် ဂျမ်ထင်ထားသလိုဒါကအချစ်စစ်ရောဟုတ်ရဲ့လားဒီအချစ်ဇာတ်လမ်းကဘယ်လိုဆက်ဖြစ်သွားမလဲ သူတို့အတူအခက်အခဲတွေကိုရောကျော်ဖြတ်နိုင်ပါ့မလားဆိုတာကို‌ကြည့်ရှုရမှာပါ