One More Chance HD

One More Chance

Drama Family HD 2023-06-21 5.4 114 Min

ဟောင်ကောင် မင်းသားကြီး Chow Yun-fatရဲ့2023မှာနောက်ဆုံးထွက်ထားတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်တစ်နေကုန် လောင်းကစားဝိုင်းမှာပဲ အချိန်ဖြုန်းလေ့ရှိပြီးအကြွေးပတ်လည်ဝိုင်းနေတဲ့ အားဟွေးဆီကိုတစ်နေ့မှာတော့ သူ့ရည်းစားဟောင်းဖြစ်သူ လီရှီးဟာသားဖြစ်သူ လီရန်ကို ခေါ်ပြီးရောက်လာခဲ့ပါတယ်။အားဟွေးဟာ လီရန်ရဲ့ ဖခင်အရင်းဖြစ်ကြောင်း၊လီရန်ကို တစ်လခေါ်ထားပြီး စောင့်ရှောက်ပေးထားဖို့နဲ့တစ်လပြည့်ရင် ပြန်လာခေါ်မှာဖြစ်ကြောင်း၊စောင့်ရှောက်စရိတ်အတွက် ဟောင်ကောင်ဒေါ်လာ တစ်သိန်းပေးမှာဖြစ်ကြောင်းလီရှီးက ပြောပြတဲ့အခါမှာတော့ အားဟွေးဟာအကြွေးဆပ်ဖို့ ငွေလိုနေတာဖြစ်လို့ လီရန်ကို လက်ခံထားခဲ့ပါတယ်။ဒီလိုနဲ့ လီရန်နဲ့ ပြောဆိုဆက်ဆံကြည့်တဲ့အခါလီရန်ဟာ သာမန်ကလေးတစ်ယောက်မဟုတ်ဘဲအော်တစ်ဇင်ကလေးတစ်ယောက်ဖြစ်ပြီး အထူးလိုအပ်ချက်တွေလည်းရှိတာကြောင့် ပြုစုပျိုးထောင်ရာမှာ အခက်အခဲရှိကြောင်း သိသွားခဲ့ပါတယ်တစ်လပြည့်လို့ ချိန်းဆိုထားတဲ့နေ့မှာ လီရှီးပေါ်မလာတဲ့အခါကျမှအားဟွေးတစ်ယောက် လီရှီးက လီရန်ကိုသူ့ဆီမှာ ဘာဖြစ်လို့အပ်ခဲ့လဲဆိုတာ သဘောပေါက်သွားခဲ့ပါတယ်ဒီတော့ လီရှီးက ဘာဖြစ်လို့ သားဖြစ်သူကိုအားဟွေးဆီမှာထားခဲ့ပြီး ပေါ်မလာတာလဲအော်တစ်ဇင်သားလေးနဲ့ အားဟွေးတစ်ယောက်ဘဝကို ဘယ်လိုဆက်ပြီး ဖြတ်သန်းမှာလဲဒီအတိုင်းပဲ လောင်းကစားအလုပ်ကို စွဲလမ်းနေပြီးဘဝကို ဖြစ်သလိုဖြတ်သန်းနေဦးမှာလားဆိုတာ……