Imaginur FHD

Imaginur

Drama Science Fiction FHD 2023-02-23 7 90 Min

ကျွန်တော်တို့ပတ်ဝန်းကျင်မှာ မှတ်ဉာဏ်ချွတ်ယွင်းနေတဲ့ရောဂါဝေဒနာသည်တွေကိုမာရောဂါ ခံစားနေတဲ့ဝေဒနာသည်တွေကိုမြင်ဖူးကြမှာပါ၊သူတို့ပြောဆိုနေတဲ့စကားလုံးတွေက ဆက်စပ်မှုမရှိပေမယ့် သူတို့စိတ်မှတ်ဉာဏ်ထဲမှာဘာတွေမြင်နေကြားနေလို့ဒီစကားလုံးတွေပြောဆိုနေတာလဲဆိုတာသိဖို့ခက်ခဲပါတယ်. ဒီဇာတ်လမ်းလေးက ဒီလိုရောဂါဝေဒနာသည်တစ်ယောက်ရဲ့စိတ်မှတ်ဉာဏ်ထဲမှာဖြစ်ပျက်နေတဲ့အကြောင်းအရာကိုဇာတ်လမ်းဆင်ရိုက်ကူးထားတဲ့ ဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာဇူဟယ်ဆိုတဲ့အမျိုးသားတစ်ယောက်ဟာ ကားတိုက်ခံရပြီးတော့ ဆေးရုံကိုရောက်သွားတယ်။ဒါပေမယ့် ဆေးရုံကိုရောက်သွားတာက သူဖြစ်တဲ့ဝေဒနာကိုကုသဖို့မဟုတ်ဘဲသူ့အဖေကိုဆေးစစ်ဖို့ဖြစ်နေတယ်၊ဆေးရုံကိုသွားရတဲ့အကြောင်းကိုလုံးဝမမှတ်မိဘဲ သူ့အဖေကိုတွေ့တော့မှ ဆေးလာစစ်မှန်းသိရတယ်၊ကြားကာလမှာဖြစ်သွားတဲ့အကြောင်းအရာတွေကိုမမှတ်မိတဲ့အတွက်ကြိုးစားပြီးရှာဖွေကြည့်ပေမယ့်အဖြေမရခဲ့ပါဘူး၊ဒီလိုနဲ့ဆေးရုံမှာ တွေ့တဲ့အမျိုးသမီးတစ်ယောက်က သူ့ကို ဆရာဝန်တစ်ယောက်ရဲ့လိပ်စာကဒ်လေးပေးလိုက်တယ်၊သူ့ဝေဒနာပိုဆိုးလာတဲ့အတွက်မယုံကြည်ပေမယ့်လိပ်စာကဒ်ထဲကဆရာဝန်ဆီကိုသွားဖို့ဆုံးဖြတ်လိုက်တယ်၊ဆရာဝန်ကသူ့အကြောင်းကိုအလုံးစုံသိနေတဲ့အပြင်အိပ်မွေ့ချပြီးကုသမှသာပျောက်မယ်ဆိုတဲ့အကြောင်းပြောလာတဲ့အတွက်ကုသဖို့ဆုံးဖြတ်လိုက်တဲ့အခါမှတော့……..