အလုပ်မှာ အဆင်မပြေတာတွေအမြဲကြုံနေကြတော့သူငယ်ချင်းလေးယောက် စိတ်လွတ်ကိုယ်လွတ်ပျော်ဖို့နေ့ချင်းပြန်ခရီးတစ်ခု စီစဉ်ခဲ့ကြပါတယ်။သို့ပေမဲ့ လမ်းခရီးမှာ ကားချို့ယွင်းချက်ကြောင့် လူတစ်ယောက်ကိုမတော်တဆတိုက်မိပြီး ထွက်ပြေးခဲ့ကြတဲ့အချိန်မှာတော့ …အပြစ်ရှိတဲ့သူတွေဟာ အပ်ကျရင်တောင်ကြောက်တတ်ကြတာမလို့သူတို့လေးယောက်ကို ဘယ်လိုအရာတွေကခြောက်လှန့်နေမှာလဲအရင်နဲ့မတူ တမူထူးတဲ့ ခြောက်နည်းခြောက်ဟန်တွေကြားသူတို့ကိုယ်လွတ်ရုန်းဖို့ ဘယ်လိုတွေချောက်တွန်းကြမလဲဆိုတာထင်မှတ်မထားတဲ့ Plot twist နဲ့ စိတ်ခြောက်ခြားဖွယ် ကြည့်ရှုရမှာပါ။