ဒေးဗစ်ဆန် မိသားစုက ချမ်းသာကြပေမဲ့လည်းသူတို့ရဲ့မိသားစုဝင်အချင်းချင်းဆက်ဆံရေးကတော့ မကောင်းကြပါဘူး။မိသားစုဝင်တွေလည်း စုံစုံလင်လင်အတူမရှိရတာကြာပြီဖြစ်တဲ့အတွက်ပေါလ်နဲ့ အာဘရီတို့က သူတို့ရဲ့ 35နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့လေးကိုကလေး ၄ ယောက်နဲ့အတူ လူသူမနီးတဲ့ တောထဲကအိမ်ကြီးမှာလုပ်ရင်းမိသားစုဝင်အချင်းချင်းပြန်ပြီးနွေးထွေးမှုရအောင်လုပ်ဖို့ အစီအစဥ်ဆွဲခဲ့ကြပါတယ်။ဒီလိုနဲ့ သူတို့အကုန်အကုန်လုံးပျော်ပျော်ပါပါးနှစ်ပတ်လည်နေ့ကိုအောင်ပွဲခံတဲ့ညမှာပဲ မျက်နှာဖုံးနဲ့လူသ-တ်သမားတွေရောက်လာပြီးလူတိုင်းကိုလိုက်သ-တ်ပါတော့တယ်။ဒီအခြေအနေမှာ သူတို့မိသားစု အသက်ရှင်ကြမလားသူတို့ရဲ့ မိသားစုကံကြမ္မာကဘယ်လိုဖြစ်လာမလဲဒီလူသ-တ်သမားတွေကရော ဘယ်ကနေပြီး ဘာကြောင့်ရောက်လာကြလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ 2011 ထွက်ရုပ်ရှင်ကားကောင်းတကားဖြစ်တဲ့အပြင် အသတ်အဖြတ်ခန်းတွေ၊ သွေးသံရဲရဲတွေ မြိုင်မြိုင်ဆိုင်ဆိုင်ပါဝင်တာမလို့ ၁၈ နှစ်အောက်ကလေးတွေတော့မကြည့်ရှုသင့်ပါဘူး။