Renoir HD

Renoir

Drama Romance HD 2012-07-02 6.363 111 Min

ရုပ်ရှင်၏ အသေးစိတ်နှင့် အချိန်တိကျမှုအပေါ်အာရုံစူးစိုက်မှုသည် ကြည့်ရှုသူများကို အနုပညာနှင့်သဘာဝ ချောမွေ့စွာ ပေါင်းစပ်ထားသည့်20ရာစုအစောပိုင်းသို့ပြန်လည်ပို့ဆောင်ပေးသကဲ့သို့ဖြစ်နေပါတော့တယ်။ရုပ်ရှင်ရဲ့အဓိကဆွဲဆောင်ထားတဲ့အချက်က လူမှုဆက်ဆံရေးအားသိမ်မွေ့စွာရှာဖွေဖော်ထုတ်တာပဲဖြစ်ပါတယ်။Renoir တစ်ယောက်အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှရုပ်ပိုင်းဆိုင်ရာချို့ယွင်းမှုကို တွန်းလှန်ရင်း၊ သူ၏အနုပညာဝါသနာဟာလည်း မယိမ်းယိုင်သွားဘဲဆက်လက်တည်နေပြီး၊နောက်ပိုင်းတွင်နာမည်ကြီးရုပ်ရှင်ဒါရိုက်တာတစ်ဦးဖြစ်လာမည့်သားဖြစ်သူဂျွန်၏ ငယ်ရွယ်နုပျိုသောစွမ်းအင်နှင့်လည်းလှပစွာ ဆန့်ကျင်နေတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။အဖေနှင့်သား အကြား နူးညံ့သောဆက်သွယ်မှုကိုသိမ်မွေ့စွာ သရုပ်ဖော်ထားပြီး ၎င်းတို့၏ ဘဝအပေါ်နက်နဲသော အနုပညာ၏ လွှမ်းမိုးမှုများအားတစေ့တစောင်း ပြသထားပါတယ်။Renoir ရုပ်ရှင်သည် စိတ်ကူးယဉ်ဆန်ပြီးကဗျာဆန်သောခရီးတစ်ခု၊ အနုပညာအမွေနှင့် ဘဝများကိုပုံဖော်ပေးသည့် ပန်းချီကားတစ်ချပ်ဖြစ်ပါတယ်။