The Appleton Ladies' Potato Race FHD

The Appleton Ladies' Potato Race

Comedy Drama FHD 2023-07-27 7 100 Min

ပန်နီဆိုတဲ့ဆရာဝန်မလေးတစ်ယောက်ကသူလက်ရှိနေထိုင်နေတဲ့ဆစ်ဒနီမြို့ကြီးကိုထားခဲ့ပြီးတော့ သူ့မိသားစုရှိရာနယ်မြို့လေးဖြစ်တဲ့ အက်ပဲလ်တန်ကိုပြန်လာခဲ့ပါတော့တယ်။သူပြန်လာပြီးသိပ်မကြာခင်မှာပဲသူတို့ရဲ့အက်ပဲလ်တန်မြို့မှာ နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့အာလူးထမ်းအပြေးပြိုင်ပွဲလဲကျင်းပတော့မှာပဲဖြစ်ပါတယ်။ဒါပေမယ့်တစ်ခုပြဿနာရှိတာကအဲ့ဒီအပြေးပြိုင်ပွဲမှာယောက်ျားတွေပြိုင်ပွဲမှာရတဲ့ဆုကြေးကဒေါ်လာနှစ်ထောင်ဖြစ်ပြီးအမျိုးသမီးတွေရတဲ့ဆုကြေးကတော့ ဒေါ်လာနှစ်ရာပဲဖြစ်နေတာဖြစ်ပါတယ်။အဲ့ဒီကိစ္စကိုပန်နီရဲ့ညီမဖြစ်သူဆယ်နှစ်ဆက်တိုက်အာလူးထမ်းအပြေးပြိုင်ပွဲချန်ပီယံဖြစ်ထားတဲ့နစ်ကီအပြင်မြို့ကတခြားလူတွေကလဲဘာမှမပြောကြပေမဲ့မြို့ကြီးပြကြီးမှာနေလာတဲ့ပန်နီတစ်ယောက်အတွက်ဒါကစိတ်ခုစရာဖြစ်နေပါတော့တယ်ဒီလိုနဲ့အမျိုးသားဆုကြေးနဲ့အမျိုးသမီးဆုကြေးတန်းတူရဖို့အတွက်ပန်နီတစ်ယောက်တည်းအများနဲ့တစ်ယောက်တိုက်ခိုက်ရင်းကြိုးစားခဲ့ပြီးနောက်မှာဘယ်လိုဇာတ်သိမ်းမျိုးနဲ့ကြုံတွေ့ရမလဲဆိုတာကို စိတ်ဝင်စားစွာနဲ့ကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။