ဒီဇာတ်လမ်းလေးဟာအမေရိကန်နာမည်ကျော် စာရေးဆရာကြီးDavid-Wong ရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ ဝတ္တုတစ်ပုဒ်ကို ဝတ္တုရဲ့နာမည်အတိုင်းပဲ ပြန်လည်ရိုက်ကူးထားတဲ့Horror-Comedyအမျိုးအစားဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ် ဒီဇာတ်လမ်းလေးထဲမှာတော့ ….. ပဲငံပြာရည်လို့သူတို့နာမည်ပေးထားတဲ့ မူးယစ်ဆေး တစ်မျိုးကြောင့်ဖြစ်လာခဲ့ရတဲ့ဂျွန်နဲ့ဒေးဗစ်သူငယ်ချင်းနှစ်ယောက်ရဲ့ အလွဲလေးတွေကြားကနေအမှတ်မထင် လူသားမျိုးနွယ်တစ်ခုလုံးကိုကယ်တင်ဖို့အကြောင်းဖန်လာတဲ့အခါဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေ့ပြီးဘယ်လိုကျော်ဖြတ်ကြမလဲ..ပဲငံပြာရည်ဆိုတဲ့ မူးယစ်ဆေးအရည်တစ်မျိုးဟာ လူ့ခန္ဓာကိုယ်ထဲကိုရောက်သွားတဲ့အခါ သဘာဝလွန်စွမ်းအားတွေပေးနိုင်ပြီး အလွန်အကျွံသုံးစွဲမိတဲ့အခါမှာတော့အသက်အန္တရာယ်ကိုထိခိုက်ပြီး သေသွားကြတဲ့လူငယ်လေးတွေနဲ့ မရည်ရွယ်ပဲ ဒီမူးယစ်ဆေးကိုအကျိုးရှိရှိပြန်အသုံးချဖြစ်သွားကြမယ့် ဂျွန်နဲ့ ဒေးဗစ် သူငယ်ချင်း နှစ်ယောက် … ပဲငံပြာရည်ရဲ့အစွမ်းနဲ့အပြိုင်စကြာဝဠာတွေဆီကူးလူးသွားလာနိုင်ပြီး ကမ္ဘာမြေပေါ်ကျရောက်လာမယ့်ကပ်ဆိုးတွေ ဘေးအန္တရာယ်ဆိုးတွေကိုဘယ်လိုတားဆီးလိုက်နိုင်မလဲ အဆုံးသတ်ဇာတ်သိမ်းပိုင်းမှာရောဘယ်သူတွေကိုကယ်တင်လိုက်နိုင်ပြီးတော့ ဘယ်သူတွေကတော့ အသက်ရှင်ဖို့အခွင့်အရေးဆုံးရှုံးခဲ့ရမလဲ…. ဂျွန်ကရော ဇာတ်လမ်းအဆုံးမှာ တကယ်ပဲသေသွားရမှာလား.. ဆိုတာဒီဇာတ်လမ်းလေးထဲမှာရင်တထိတ်ထိတ်နဲ့ ခံစားကြည့်ရှုရမှာပါ