ဂျော့ရှ် နဲ့ ဒေါ်တန် တို့ သားအဖဟာ ကိုမာဝင်ခဲ့တဲ့ကိစ္စရယ် သရဲပူးပြီး မိသားစုကိုပြန်ရန်ရှာတဲ့ကိစ္စတွေရယ်ကိုမေ့ပျောက်ဖို့အိပ်မွေ့ချဆရာအကူအညီနဲ့ မှတ်ဉာဏ်တွေကို မသိစိတ်ထဲမှာ ဖုံးကွယ်ထားလိုက်ကြပါတယ်။ဒီလိုနဲ့ ၉ နှစ်ကြာလာတဲ့အထိ အဲဒီတုန်းကအဖြစ်တွေကို ဝေဝေဝါးဝါးနဲ့သတိမရဘဲနေထိုင်လာကြတာပါ။ ဒါပေမဲ့ သားအကြီး ဒေါ်တန် ကောလိပ်တက်ရတဲ့အချိန်ရောက်လာပြီးကောလိပ်မှာ ထူးဆန်းတာတွေနဲ့ စကြုံလာတဲ့အခါ…ဂျော့ရှ် ကလည်း သူ့ရဲ့အတိတ်ကို ပြန်မှတ်မိဖို့ ကြိုးစားရင်းနဲ့ ကြောက်စရာတွေကြုံတွေ့လာတဲ့အခါ…သားအဖနှစ်ယောက်အတင်းမေ့ပစ်ထားတဲ့ အတိတ်ကို ပြန်ရင်ဆိုင်ရပါတော့တယ်။