Going Nowhere HD

Going Nowhere

Comedy HD 2022-10-01 5 88 Min

ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ရုပ်ရှင်ရိုက်တဲ့အကြောင်းကိုရုပ်ရှင်ပြန်ရိုက်ထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ အစ်ဇီဟာ ဟိုးအရင်ကတည်းကရုပ်ရှင်ရိုက်ဖို့ အိပ်မက်မက်ခဲ့ရသူတစ်ယောက်ပါ။ တစ်နေ့မှာတော့ သူကိုယ်တိုင်ဒါရိုက်တာဖြစ်ရမယ်ဆိုတဲ့ အိပ်မက်ကို အကောက်အထည်ဖော်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ ဘက်ဂျက်မလုံလောက်မှုကြောင့် သူ့ရုပ်ရှင်လေးကလည်း ယိုင်နဲ့နဲ့ပေါ့လေ။အဖွဲ့သားနည်းနည်း၊ ဘတ်ဂျက်နည်းနည်း၊ ကိရိယာနည်းနည်း၊ သရုပ်ဆောင်နည်းနည်း‌နဲ့ပဲ သူ့ခမျာ ကြိုးစားရိုက်ရရှာတယ်။ ရိုက်နေစဉ်အတွင်းလည်း အဖွဲ့သားတွေကြားကပြဿနာတွေ၊ ကိုဗစ်ကာလစည်းမျဉ်းတွေကြောင့် အခက်အခဲပေါင်းသောင်းခြောက်ထောင်ပေါ့။ဒီဇာတ်ကားရဲ့ထူးခြားချက်က အပေါ်မှာပြောခဲ့သလို ရုပ်ရှင်ရိုက်တာကို ရုပ်ရှင်ပြန်ရိုက်ပြသွားတာပါ။ “Going Nowhere”ရဲ့ တကယ့်အပြင်ကဒါရိုက်တာဟာ ဒီဇာတ်ကားထဲမှာ ဒါရိုက်တာနေရာက သရုပ်ဆောင်တဲ့ “Isabel Shill”ကိုယ်တိုင်ပဲဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ တခြားသရုပ်ဆောင်တွေရောပါပဲ။ ဆိုတော့ကာ တစ်မျိုးလေးအမြင်ဆန်းတယ်ပေါ့ဗျာ။ ကြည့်ရှုခံစားလိုက်ကြပါဦး။