ဒီတစ်ခါမှာတော့ ကကျောက်ကျစ်လုံရဲ့ငယ်ဘဝအကြောင်းလေးကိုရိုက်ကူးထားတာဖြစ်ပါတယ်အချင်းချင်းသတ်ဖြတ်နေကြတဲ့ ပြည်သူတွေခက်ခဲနိုင်ငံတော်ရှုပ်ထွေးနေတဲ့အချိန်ကာလမှာ ကျောက်ကျစ်လုံနဲ့သူ့သူငယ်ချင်းရှဟုန်လန်တို့က ဒီအရှုပ်အယှက်ထဲကို မထင်မှတ်ဘဲဝင်ပါမိခဲ့တယ်အစကအရမ်းကိုချစ်ခင်ကြတဲ့သူငယ်ချင်းနှစ်ယောက်ကသူတို့နေတဲ့တစ်ရွာလုံးသတ်ဖြတ်ခြင်းကိုခံခဲ့ရပြီးတဲ့နောက်မှာမတူညီတဲ့မလမ်းကိုရွေးချယ်ခဲ့ပါတယ်ရှဟုန်လန်ကတေ့ ရန်ငြိုးကနေ မလွတ်ရုန်းနိုင်ဘဲလောဘစိတ်တက်ပြီးတော့ အာဏာကိုမက်ခဲ့တယ်ကျောက်ကျစ်လုံကတော့ နိုင်ငံတော်နဲ့ပြည်သူကိုကိုကယ်တင်ချင်စိတ်ပြင်းပြတဲ့အတွက်ရန်ငြိုးစိတ်ကနေလွတ်ရုန်းနိုင်ခဲ့ပြီး အကျိုးဆောင်မှုတွေအများကြီးကိုထမ်းဆောင်ခဲ့တယ်မတူညီတဲ့လမ်းကိုလျှောက်ခဲ့တဲ့ကျောက်ကျစ်လုံနဲ့ရှဟုန်လန်တို့ဘယ်လိုထင်မြင်မှုတွေနဲ့ ဘယ်လိုတိုက်ခိုက်မှုတွေရှိမလဲ?နောက်ဆုံး ရှဟုန်လန်ကအမှန်တရားရပြီးတော့ တစ်ယောက်ကိုတစ်ယောက်ခွင့်လွှတ်ပြီးတော့ နိုင်ငံအကျိုးကိုအတူတူထမ်းဆောင်နိုင်မလားဆိုတာတွေကိုကျောက်ကျစ်လုံရဲ့ရဲစွမ်းသတ္တရှိမှုတွေကိုမြင်ယောင်နိုင်မဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်လို့ အားလုံးကိုကြည့်ရှုဖို့ဖိတ်ခေါ်ပါတယ်~~~