Big Nunu's Little Heist FHD

Big Nunu's Little Heist

Action Comedy FHD 2023-07-28 7.1 91 Min

တောင်အာဖရိက ကစဂေါ့ဒဖိုလာဆိုတဲ့မြို့လေးဟာ တစ်ချိန်က စက်ရုံတစ်ရုံကြောင့်စားဝတ်နေရေး ချောင်လည်ကြပြီး မြို့သူမြို့သားတွေဟာ ပျော်ရွှင်နေကြပါတယ်၊တစ်နေ့မှာအခြေအနေအကြောင်းကြောင်းကြောင့် စက်ရုံကိုပိတ်ဖို့ဖြစ်လာတော့အလုပ်လက်မဲ့သူတွေများလာပြီး ရာဇဝတ်သမားတွေလည်း ပေါလာပါတော့တယ်၃၆ ဆိုတဲ့အလုပ်သမားလေးဟာ အရက်ဆိုင်တစ်ခုကို မီးဖိုလာပို့ရင်းနဲ့ ဆိုင်ရှေ့မှာတင်အခိုးခံလိုက်ရတယ်၊ဒါကိုမကျေနပ်တဲ့အတွက် ဘယ်သူတွေခိုးတာလဲ သူတို့ကဘယ်မှာနေတာလဲဆိုပြီး အရက်ဆိုင်ပိုင်ရှင်ကိုသွားမေးတယ်၊ ဆိုင်ရှင်ကတော့လိုက်မသွားသင့်ကြောင်း သူတို့ကအန္တရာယ်များကြောင်းပြောပေမယ့်လက်မခံတဲ့အဆုံးမှာ လူမိုက်တွေရှိတဲ့နေရာကိုပြောပြလိုက်တယ်၊ သတ္တိရှိတဲ့ ၃၆ ဟာတစ်ကိုယ်တည်း လူမိုက်တွေနေရာမှာ သွားကြမ်းပြလိုက်တော့ ခေါင်းဆောင်ဖြစ်တဲ့ပွန်ဆူနူနူဟာ သူ့ကိုသဘောကျသွားပြီးပိတ်ရက်အတွင်းမှာ ချမ်းသာစေမယ့် လုပ်ငန်းတစ်ခုရှိကြောင်းပြောလိုက်တယ်၊ ပစ္စည်းပို့တဲ့အလုပ်ထက်ပိုက်ဆံအများကြီးရမယ့်အလုပ်ဆိုတော့ ၃၆ လည်းစိတ်ဝင်စားပြီးလက်ခံလိုက်တယ်၊ ပွန်ဆူနူနူနဲ့ ၃၆ တို့ဘာတွေလုပ်ပြီးပိုက်ဆံရှာကြမလဲဆိုတာ ဆက်လက်ကြည့်ရှုပေးပါဦး။