FHD
Ultimate Avengers: The Movie
၂၀၀၆ခုနှစ်ကတည်းက ထွက်ရှိခဲ့ပြီး Avengers Animationရယ်လို့ ပီပီပြင်ပြင်စထွက်ခဲ့တဲ့ Ultimate Avengers ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ 2008မှာ Iron Man 1စထွက်ပြီးMCUရယ်လို့ အကြီးအကျယ်အောင်မြင်တဲ့ Universeကြီးကိုအကောင်အထည်ဖော်နိုင်ခဲ့တဲ့ MarvelဟာAnimationပိုင်းမှာDCAUရဲ့အရှိန်နဲ့ Fanbaseကို မယှဉ်နိုင်သလို ကားထွက်ရှိမှုအပိုင်းမှာလည်း အတော်အားနည်းခဲ့တာပါ။ ဒီAnimationကMarvelရဲ့ရှားရှားပါးပါး Avengersဇာတ်ကားဖြစ်ပြီး ၂ကားထွက်ရှိခဲ့တဲ့အထဲက နံပါတ် ၁ ဇာတ်ကားပါ။Storylineကိုတော့ Avengersအဖွဲ့ကြီး စတင်ဖွဲ့စည်းခြင်းကိုအဓိကထားပြီး ဒုတိယကမ္ဘာစစ်မစ်ရှင်အတွင်းမှာ ပျောက်ဆုံးသွားတဲ့ ကပ္ပတိန်အမေရိကကိုပြန်လည်ရှာတွေ့ခြင်းနဲ့ အစပျိုးထားပါတယ်။ Live Action နဲ့ Storyline မတူညီမှုနည်းနည်းရှိပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ကပ္ပတိန်အမေရိကရဲ့မပြီးပြတ်သေးတဲ့ မစ်ရှင်က ဒီနေ့ခေတ်အချိန်အထိ ပါလာပြီးတစ်ကမ္ဘာလုံးပျက်စီးနိုင်တဲ့ အခြေအနေတွေ ဖြစ်လာတဲ့အခါကပ္ပတိန်အမေရိကနဲ့ နစ်ဖြူရီတို့ဟာ တစ်ကိုယ်တော်လှုပ်ရှားနေကြတဲ့ စူပါဟီးရိုးတွေကိုစုစည်းပြီး Avengersအဖွဲ့အဖြစ်ကမ္ဘာဖျက်ရန်စွယ်ကို ကာကွယ်ဖို့ကြိုးစားကြပါတော့တယ်။