ပေကျင်းဆေးတက္ကသိုလ်မှာ ပါမောက္ခဘွဲ့ရဖို့ ကြိုးစားနေတဲ့ တုံချိုးဝမ်ဟာမောင်လေးဖြစ်သူ တုံချိုးဟွာအသတ်ခံရပြီး ရွာပျက်အနားကတံတိုင်းတွေပြိုနေတဲ့ ခြံတစ်ခုထဲမှာ အမြှုပ်ခံထားရတယ်လို့အိပ်မက်မက်ခဲ့ပါတယ်။ သူမအမေက သူမမောင်လေးကိုအဆက်အသွယ်မရတာ ၅ ရက်လောက်ရှိပြီလို့ဖုန်းဆက်လာတော့ သူမ စိုးရိမ်မိပြီး ရွာပြန်ဖို့ လုပ်ပါတော့တယ်။သူမ ရထားနဲ့ ခရိုင်မြို့ကို ရောက်တာနဲ့ ဘကြီး မောက်ရှန်းကလာကြိုပြီးခရိုင်ရဲစခန်းမှာ အမှုဖွင့်ခဲ့ပါတယ်။ ရွာပြန်ရောက်တော့ အစ်မချွင်းမေ့ရဲ့ပြောကြားချက်အရ သူမမောင်လေးကို မပျောက်ခင်ရှေ့တစ်ရက်ကဘကြီးမောက်ရှန်းရဲ့ ချွေးမနဲ့ ဆေးရုံမှာ တွေ့ခဲ့တာ သိခဲ့ရပါတယ်။ချိုးဝမ်တစ်ယောက် ဒီကိစ္စကို ရဲတွေကို ပြောပြလိုက်တဲ့အတွက်ရဲတွေက ဘကြီးမောက်ရှန်းအိမ်ကို သွားရောက်စစ်ဆေးခဲ့ပါတယ်။ဘကြီးမောက်ရှန်းဟာ တစ်ရွာလုံးအပေါ်ကျေးဇူးရှိခဲ့သူဖြစ်တဲ့အတွက်ရွာသူရွာသားတွေက ချိုးဝမ်ကို မကျေနပ်ကြတော့ပါဘူး။သို့သော် ချိုးဟွာကိုပဲ စိတ်ပူနေတဲ့ ချိုးဝမ်ဟာ ရွာသားတွေရဲ့မျက်နှာတွေကို ကြည့်မနေနိုင်တော့ပါဘူး။ သူမအမေက သူမကိုစိတ်လိုက်မာန်ပါမလုပ်ဖို့ ပြောနေသော်လည်း သူမ အမှန်တရားကို တွေ့မှဖြစ်မယ်လေ။ချိုးဝမ်တစ်ယောက် ချိုးဟွာကို ပြန်ရှာတွေ့ပါ့မလား……ချိုးဟွာရဲ့ ပျောက်ဆုံးမှု နောက်ကွယ်မှာ ဘယ်လိုပြဿနာတွေ ရှိနေမလဲ ……ဆိုတာကို ရုပ်ရှင်လေးနဲ့အတူ လိုက်ပါအဖြေရှာလိုက်ရအောင်နော်။