Hatchet HD

Hatchet

Comedy Horror HD 2006-04-27 5.787 84 Min

အမေရိကန် လူဝီဆီယားနာပြည်နယ်မှာ ချောက်ခြားဖွယ်ရာစိမ့်တောပုံပြင်လေး တစ်ပုဒ်ရှိပါတယ်။ဗစ်တာခရောင်လီဆိုတာ ရုပ်ဆိုးပန်းဆိုးနဲ့မွေးဖွားလာတဲ့ကလေးတစ်ယောက်ပါ။သားအဖနှစ်ယောက်တည်း လူသူကင်းဝေးတဲ့တောထဲနေကြတာပေါ့၊ အဲဒီလိုနဲ့ တစ်ညကြတော့ ဖခင်ဖြစ်သူဟာစိတ်ဖောက်သွားပြီး သားဖြစ်သူကိုရုပ်ပျက်ဆင်းပျက်ဖြစ်နေလို့ဆိုပြီးရဲတင်းကြီးနဲ့ ခုတ်သတ်လိုက်ပါတယ်။အဲဒါကြောင့် ခုထိ စိမ့်တောထဲမှာ သူတို့အိမ်နားဖြတ်ရင် “ဖေဖေရေ” လို့ ငိုယိုပြီး ခေါ်နေသံ ကြားရတယ်လို့ ဆိုကြပါတယ်ဘန်တစ်ယောက် ၈ နှစ်ကြာတွဲခဲ့တဲ့ ကောင်မလေးနဲ့ပြတ်ပြီး ဘော်ဒါတွေနဲ့ ခရီးထွက်ခဲ့ပေမယ့် ပျော်ရွှင်မှုတွေ မရပဲလင်းတမှိုင်မှိုင်ပြီး ရည်းစားပူမိနေတာပေါ့။ ဒီလိုနဲ့ သူ့ ဘော်ဒါတွေနဲ့ မလိုက်ပဲကောလိပ်တုန်းကလူတွေအကြံပေးလိုက်တဲ့ စိမ့်တောထဲက သရဲခြောက်တဲ့လှေစီးခရီးစဉ် သွားဖို့ ကြံစည်ပါတော့တယ်။အဲဒီမှာ မနေနိုင်တဲ့ သူငယ်ချင်း မားကပ်စ်ကလည်း ပါလာခဲ့တာပေါ့။သူတို့ရဲ့စိမ့်တောခရီးစဉ်မှာတော့ အသက်ကြီးကြီး စုံတွဲတစ်တွဲရယ်အပျော့စားအပြာကားရိုက်ဖို့ ကောင်မလေးနှစ်ယောက်နဲ့ဒါရိုက်တာလိုဘဲကြီးရယ် စကားနည်းပြီးထူးဆန်းတဲ့ကောင်မလေးတစ်ယောက်ရယ်ခရီးစဉ်ခေါင်းဆောင် လူလိမ်လိုလိုကောင်ရယ် ဘန်တို့ရယ်စိမ့်တောထဲ ထွက်လာကြတဲ့အချိန်မှာတော့…..။Friday the 13th တို့ Texas ChainsawMassacre တို့Wrong Turn တို့လိုမျိုး Slahser အမျိုးအစားသည်းထိတ်ရင်ဖို ရုပ်ရှင်ဖြစ်ပါတယ်။ဆိုတော့ကား R Rated ဖြစ်နေတဲ့အတွက်အသတ်အဖြတ်တွေက ပေါ်တင်ပြကွက်တွေနဲ့သွေးသံတရဲရဲတကယ်ကြမ်းပါတယ် ကလေးသူငယ်တွေရှိတဲ့လူတွေအတွက်သတိထားကြည့်ရှုစေလိုပါတယ်၊ နောက်ပြီး ပေါက်စီနှစ်လုံးတွေဆိုတာလည်းအားတိုင်းယားတိုင်း ပြနေတဲ့အတွက်အသက်ကလေးပြည့်မှလည်းကြည့်ရှုပေးဖို့ တိုက်တွန်း နှိုးဆော်ပေးလိုက်ရပါတယ်ဗျ။