Hatchet II HD

Hatchet II

Comedy Horror Thriller HD 2010-08-26 5.521 85 Min

ရှေ့က ထွက်ထားတဲ့ Hatchet ပထမကားနဲ့ တိုက်ရိုက်ချိတ်ဆက်ထားတာပါ။ပထမကားမှာ မင်းသမီးဖြစ်တဲ့ မယ်ရီဘတ်က လွတ်မြောက်ရာကနေပြန်အစပျိုးထားတာ ဖြစ်ပါတယ်။ဒါပေမဲ့ မင်းသမီးနေရာတော့ သရုပ်ဆောင်ပြောင်းသွားပါတယ်။ကဲ ဆက်ပြောရမယ်ဆို မယ်ရီဘတ်တစ်ယောက်သေဘေးကနေ လွတ်လာတယ်။ဒါပေမဲ့ အမှတ်မရှိဘူး ဒီကောင်ကြီးကို ပြန်သွားသတ်ချင်တယ်သူ့ အစ်ကိုနဲ့ အဖေအတွက် သွေးကြွေးဆပ်ချင်တယ်ပေါ့။အဲဒါနဲ့ဒီလို ခရီးစဉ်တွေ လုပ်ခဲ့ဖူးတဲ့ ဇွန်ဘီးဆိုတဲ့လူဆီအကူအညီသွားတောင်းတော့ ဒီ ရဲတင်းသရဲကြီး ဗစ်တာခရောင်လီနဲ့သူတို့မိသားစုက ဆက်နွယ်နေတာကို သိသွားခဲ့တယ်။နောက်ပြီး ဒီ ဇွန်ဘီးဆိုတဲ့လူကြီးကမယ်ရီဘတ်ကိုကူညီပေးမယ်ဆိုပြီး သူတို့ ပတ်ဝန်းကျင်က အမဲလိုက်မုဆိုးတွေငါးဖမ်းသမားတွေ ဆရာကြီးတွေကို စည်းရုံးပြီးလက်နက်အပြည့်အစုံနဲ့ စိမ့်တောထဲပြန်သွားပြီးလိုက်ရှာသတ်ကြတဲ့အခါမှာတော့…..။မယ်ရီဘတ်တစ်ယောက် အဖေနဲ့ အစ်ကိုရဲ့အလောင်းကိုပြန်ယူနိုင်မလား ဒါမှမဟုတ် လက်စားပြန်ချေနိုင်မလား…ဘုန်းတော်ကြီးဇွန်ဘီးဆီမှာရောဘယ်လိုလျှို့ဝှက်ချက်ရှိလို့ဒီလိုပြန်သွားရတာလဲ…ကျန်တဲ့ပါလာတဲ့ကြေးစားတွေရော ဒီကောင်ကြီးကိုသတ်နိုင်ကြမှာလားဆိုပြီး ကြည့်ရှုရမှာပါ။R-Rated ဖြစ်တဲ့အတွက် အသတ်အဖြတ်တွေကြမ်းတမ်းပြီးမမြင်သင့်တာတွေ လူနှစ်ယောက်ပလူးတာတွေပါဝင်တဲ့အတွက် ကြည့်ရှုခါနီး သတိပြုစေလိုပါတယ်ဗျ။