Let Love Grow FHD

Let Love Grow

Comedy Romance TV Movie FHD 2023-02-11 2 90 Min

အပင်တွေကို ချစ်မြတ်နိုးသူ. ရှုခင်းဗိသုကာ တစ်ယောက်အဖြစ်နဲ့လည်းအသက်မွေးနေသူ အီဗီတစ်ယောက်ဟာ သူ့ရဲ့ သူငယ်ချင်းကလဲရ်နဲ့အတူကိုစတာဒယ်မာ ဆိုတဲ့ မြို့ငယ်လေးမှာ ရှုခင်းဒီဇိုင်းဆွဲတဲ့ လုပ်ငန်းလေးဖွင့်ထားသူ ဖြစ်ပါတယ်။ စိမ်းလန်းအေးချမ်းတဲ့ သူ့ဘဝလေးကို သူ့ရဲ့အကြိုက်ဆုံးလမ်းဖြစ်တဲ့ ငယ်စဉ်က အမှတ်တရတွေလည်း များစွာရှိနေတဲ့ပုလဲလမ်းကို ဒီဇိုင်းပြင်ဆင်ခွင့် အခွင့်အရေးက တံခါးခေါက်လာပါတော့တယ်။အောင်မြင်မှုလမ်းစကို ရှာဖွေဖို့ ကိုစတာဒယ်မာကို သမီးလေး (၂) ယောက်နှင့် အတူ ပြောင်းလာခဲ့တဲ့ သတ္တဗေဒ ပညာရှင် ရိုင်ယန်နဲ့ နယ်ခံပျိုးပင်အရောင်းဆိုင်လေးမှာ တွေ့ဆုံပြီးချိန်မှာတော့ သူ့ရဲ့ဘဝတစ်ဆစ်ချိုး အချိန်ကိုရောက်ရှိလာခဲ့တယ်ပေါ့။ ပုလဲလမ်းကို ပြင်ဆင်ခွင့် အခွင့်အရေးမှာ ရိုင်ယန့်နောက်ဖေးခြံကို ဒီဇိုင်းပြင်ဆင်ဖို့က သော့ချက် ဖြစ်နေတာကို သိပြီးချိန်မှာတော့ ခေါင်းမာတဲ့ဖခင် ရိုင်ယန် နဲ့ သူ့ကို ခင်တွယ်ရှာသူ သမီးလေး(၂)ယောက်ကို နောက်ဖေးခြံက ဥယျာဉ်လေးကို အကောင်အထည်ဖော်ဖို့ စည်းရုံးပြီး သူ့ရဲ့အိပ်မက်ကို ပိုင်ဆိုင်နိုင်အောင် ကြိုးစားရပါတော့တယ်။တစ်ဖက်မှာလည်း ရည်းစားဖြစ်သူ မာ့ခ်က ဂျပန်ကို ရာထူးတိုးနဲ့ သွားရမှာဖြစ်တဲ့ အကြောင်းနဲ့ အီဗီ့ကိုလည်းလိုက်စေချင်တဲ့အကြောင်း ပြောလာချိန်မှာတော့အီဗီတစ်ယောက် ဘယ်အရာကို ရွေးချယ်ရမှန်းမသိ ဖြစ်နေခဲ့ရပါပြီ။ သူ့ရဲ့ အိမ်မက်ဖြစ်တဲ့ ပုလဲလမ်းကို ဒီဇိုင်းပြင်ဆင်ခွင့် ရမလား၊ ရိုင်ယန်နဲ့သမီးလေး (၂)ယောက်ကိုရော ကိုစတာဒယ်မာမှာ အခြေကျအောင်ကူညီနိုင်မလား၊ ဝါသနာကိုစွန့်လွှတ်ပြီး ရည်းစားဖြစ်သူနဲ့အတူ ဂျပန်မှာ စွန့်စားခန်းအသစ်တွေ ရှာဖွေနိုင်မလားဆိုတာကတော့ . . .ဇာတ်လမ်းလေးရဲ့အမည်အတိုင်းပဲ “အချစ်တွေကို ရှင်သန်ကြီးထွားစေနိုင်မလား”ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ အဖြေရှာဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။