မာဂေါ့ဆိုတဲ့ အမျိုးသမီးတစ်ယောက်က ကလေးဘဝကစိတ်ဒဏ်ရာတွေကြောင့်အခုအချိန်မှာ စိတ်ကျန်းမာရေးချို့ယွင်းနေပြီး မကြာသေးခင်ကပဲ စိတ်ကျန်းမာရေးဆေးရုံကဆင်းလာတာဖြစ်ပါတယ်။ သူ့ရဲ့အဓိကပြဿနာက သူ့မျက်လုံးထဲမှာအပြင်မှာမရှိတဲ့ အရာတွေ တကယ်မြင်နေရပြီးငယ်ဘဝကမှတ်ဉာဏ်တွေကပြန်ပြန်ပေါ်လာနေတာပဲဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီမှတ်ဉာဏ်တွေက မပီပြင်နေပဲနဲ့ ဟိုတစ်စဒီတစ်စတွေဖြစ်နေပါတယ်။ ဒီလိုနဲ့နောက်ဆုံးမှာတော့ သူငယ်ငယ်ကနေခဲ့ဖူးတဲ့ အဲ့ဒီမှတ်ဉာဏ်တွေရှိတဲ့အိမ်မှာယောက်ျားဖြစ်သူနဲ့ ခဏတာသွားနေဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ ဒီလိုနဲ့ သူတို့ရောက်ပြီးတဲ့နောက်မှာ ယောက်ျားဖြစ်သူကသူ့မိန်းမရဲ့စိတ်ကျန်းမာရေးကို စိတ်မဝင်စားပဲအလုပ်ကိစ္စနဲ့ပိုက်ဆံတွေကိုပဲစိတ်ရောက်နေပါတော့တယ်။အလုပ်ဆိုတာကလဲ သူထုတ်မဲ့စာအုပ်ကိုအကြောင်းပြပြီး အငယ်အနှောင်းနဲ့သွားနှပ်နေတာပဲဖြစ်ပါတယ်။မိန်းမဖြစ်သူမာဂေါ့ကတော့အိမ်မှာတစ်ယောက်တည်းကျန်နေရင်းနဲ့ ငယ်ငယ်တုန်းကသူတို့မိသားစုရဲ့မှတ်ဉာဏ်တွေပြန်ပေါ်လာရင်းနဲ့အရူးတစ်ပိုင်းဖြစ်နေပါတော့တယ်။ အထူးသဖြင့်သူငယ်ငယ်တုန်းက သေဆုံးသွားခဲ့တဲ့သူ့ညီမကသူ့ကိုကိုယ်ထင်လာပြတာပဲဖြစ်ပါတယ်။သူ့ညီမကအသတ်ခံရတာဖြစ်ပြီးအဖေဖြစ်သူက သတ်ခဲ့တယ်ဆိုပြီးအဖမ်းခံရပြီးကိစ္စကပြီးသွားပါတော့တယ်။ဒါပေမယ့်သူ့ညီမကအဲ့ဒီကိစ္စကိုအခဲမကျေဖြစ်ပြီးအစ်မဖြစ်သူကိုဘာတွေပြောဖို့ကြိုးစားတယ်ဆိုတာအပြင် တခြားစိတ်လှုပ်ရှားစရာခြောက်ခြားစရာတွေကိုလဲမြင်တွေ့ရမှာပဲဖြစ်ပါတယ်။