ဇနီးမောင်နှံနှစ်ဦးဖြစ်ကြတဲ့ ပေါလ်နဲ့ ဝင်န်ဒီတို့ဟာအားလပ်ရပ်မှာ သမီးလေးဖြစ်တဲ့ တေလာနဲ့ ခွေးလေးလပ်ကီးတို့နဲ့အတူ အပန်းဖြေဖို့အတွက်အာဗီကားလေးတစ်စီးနဲ့ ထွက်လာခဲ့ကြပါတယ်။အပန်းဖြေစခန်းကို ရောက်တဲ့အချိန်မှာ ဝင်န်ဒီကလိုအပ်တဲ့ပစ္စည်းတွေ သွားဝယ်နေတုန်း ပေါလ်ကလည်းဘေးကပ်ရပ်မှာ စခန်းချနေတဲ့ မရန်ဒါဆိုတဲ့အမျိုးသမီးနဲ့ စကားလက်ဆုံကျနေခဲ့ပါတယ်။အဲ့ဒီ အချိန် တစ်ဒင်္ဂလေးအတွင်းမှာပါသူတို့ရဲ့သမီးလေးဖြစ်တဲ့တေလာဟာထူးဆန်းစွာပျောက်ဆုံးသွားခဲ့တာပါ။ပေါလ်တို့ ဇနီးမောင်နှံနှစ်ယောက် ဒါကိုသိလိုက်တဲ့အချိန်မှာအထိတ်တလန့်ဖြစ်ပြီး ရဲကိုအကြောင်းကြားရပါတော့တယ်။ အဲ့ဒီနောက်ပေါ်လ်တို့သိရှိလိုက်ရတာကတော့သူတို့စခန်းချနေတဲ့ အနီးက တောထဲမှာ ထောင်ပြေးတစ်ယောက်လွတ်မြောက်နေတယ်ဆိုတဲ့ သတင်းပါပဲ။ဒီလိုနဲ့ ရဲတွေတားမြစ်ထားတဲ့ကြားကသားသမီးဇောကြောင့်သမီးဖြစ်သူကို ရှာဖွေဖို့ ကြိုးစားကြတဲ့အခါမှာတော့ဘယ်လိုပြဿနာတွေကို ရင်ဆိုင်ရမလဲဆိုတာရင်တထိတ်ထိတ်ကြည့်ရှုရမှာပါ။မထင်မှတ်တဲ့လှည့်ကွက်တွေတစ်ခုပြီးတစ်ခုတွေ့ရမယ့်psychological thrillerကားကောင်းတစ်ကားဖြစ်လို့လျှို့ဝှက်သည်းဖို ကြိုက်တတ်သူတွေ ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်ပေါလ်အဖြစ် သရုပ်ဆောင်တဲ့ မင်းသား Thomas Janeကိုတော့The Mist (2007) ကြည့်ဖူးသူတွေ ရင်းနှီးကြမယ် ထင်ပါတယ်ဗျ။