Scary People FHD

Scary People

Comedy Thriller FHD 2023-07-14 2 73 Min

ဒီချောက်ချားစရာ ပုံပြင်လေးကတော့ နာမည်နဲ့မတူလောက်အောင်ထိုက်ဖျင်(အေးချမ်းသာယာ)ဆိုတဲ့နယ်မြို့လေးတစ်ခုရဲ့လူသေဆုံးမှုကနေ စတင်ခဲ့ပါတယ်“ယွဲ့နူ”ဆိုတဲ့မိန်းကလေးဟာ ထိုက်ဖျင်မြို့မှာအမှီပြုနေထိုင်ရာမှရုတ်တရက် သေဆုံးသွားပါတော့တယ်။တစ်နေ့မှာ ယွဲ့နူရဲ့သေဆုံးမှုဟာ မိမိကိုယ်ကိုသေကြောင်းကြံစည်တယ်ဆိုတဲ့ သတင်းစကားတွေလည်း ထွက်လို့နေပါတယ်ဒါပေမဲ့ ယွဲ့နူသေပြီး လဝက်မကျိုးခင်မှာပဲ သူမရဲ့အစ်ကိုဖြစ်သူလျိုသောင်းဇစ်အပါအဝင် နောက်ထပ်လူတွေ ဇစ်မြစ်မသိရဘဲ သေဆုံးသွားခဲ့ပါတော့တယ်။ဒီလိုနဲ့ အမှုစစ်ဆေးရေးမှုး ဆရာကြီးကျန်းယိရန်ဟာထိုက်ဖျင်ရွာကို လာရောက်စစ်ဆေးရာမှာတော့。。。ကျန်းယိရန်ဟာ သရဲတစ္ဆေဆိုတာ လောကမှာမတည်ရှိဘူးဆိုတဲ့ခံယူချက်ကို နှလုံးသွင်းထားတဲ့လူဖြစ်ပြီး ရွာကိုအရောက်မှာသတ္တိခဲသူတောင်းစားမလေး ကုံဇစ်နဲ့ တွေ့ဆုံခဲ့ရပါတယ်၊‌ဧည့်သည်တွေကို ခြောက်လန့်ပြီး ‌ငွေ‌လိမ်ယူနေတဲ့ ပေါ့ပျက်ပျက်ကုံဇစ်ဟာ ဒီအမှုမှာ ဘယ်လိုစရိုက်လက္ခဏာမျိုးနဲ့အတူပူး‌ေပါင်းဖြေရှင်းသွားမလဲ-ယွဲ့နူရဲ့သေဆုံးမှုဟာရော သွေးရိုးသားရိုးဖြစ်နိုင်မလားဒီလိုဆိုရင်တောင် သူမသေပြီးမကြာခင်မှာမှအဲ့လောက်တိုက်ဆိုင်စွာနဲ့ပဲ လူတွေသေဆုံးနေတာလား?ယွဲ့နူနဲ့ရော ဘာတွေပတ်သတ်မှုရှိနေဦးမလဲဆိုတာ ?….