X-men ထဲက Havok ဖြစ်တဲ့ Lucas Till နဲ့ FF မိသားစုဝင် Roman (Tyrese Gibson)တို့ ဘယ်လိုအတွဲညီညီနဲ့ ရန်သူကို နှိမ်နင်းမလဲဆိုတာ ကြည့်ရှုလိုက်ရအောင်ပါ။မသမာမှု လာဘ်စားမှုတွေနဲ့ ပြည့်နှက်နေတဲ့ ငွေသာအရာရာဖြစ်နေတဲ့လောကကြီးမှာ ဝိသမလောဘသားတွေက ငွေထုပ်လှေကားခုပြီး ဥပဒေပေါ်တက်ထိုင်နေကြတာပေါ့။နိုင်ငံရေးလောကရဲ့ထိပ်သီးတွေ အစိုးရရာထူးအကြီးပိုင်းတွေကိုပါ ငွေနဲ့အိတ်ထဲထည့်ထားတဲ့ ဒီလိုလူတွေCIAလိုအဖွဲ့ကတောင် ဥပဒေဘောင်တွင်းက ဘာမှလုပ်မရဘဲ ကြည့်နေရုံသာ တတ်နိုင်ပါသတဲ့။ဒါပေမဲ့ မတရားမှုကို လက်ပိုက်ကြည့်မနေနိုင်တဲ့လူတွေစုပြီး ဒီလို ဥပဒေသွားထိလို့မရတဲ့လူတွေ သေနတ်နဲ့ရှင်းမယ်ဆိုတဲ့အခွင့်ထူးခံတွေကို ကျရှုံးစေမယ့် The Collectiveဆိုတဲ့ အမှန်တရားဘက်တော်သားကြေးစားအဖွဲ့ပေါ်လာပါတော့တယ်။မီရိုဆိုတဲ့ လူကုန်ကူးတဲ့ ရာဇာကြီးတစ်ယောက်ကရွေးကောက်ပွဲမဲဝယ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး သတင်းဖြန့်ခဲ့တဲ့သတင်းပေးခရစ်စတိုဖာနီလီဆိုတဲ့လူကို ထုံးစံအတိုင်း လေလံပစ်ဖို့လုပ်နေတာပေါ့။ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သတင်းထွက်တာကြောင့် ခံလိုက်ရသူတွေလည်းမနည်းတော့ နီလီကိုလက်စားချေအမှုန့်ကြိတ်ချင်နေသူတွေကလည်းဒုနဲ့ဒေးပါပဲ။The Collectiveအဖွဲ့ကလည်း နီလီကိုသာရရင် ရာထူးကြီးပိုင်းက အကျင့်အပျက်ခြစားမှုတွေကို ဖော်ထုတ်နိုင်မှာဖြစ်လို့ နီလီကိုပစ်မှတ်ထားထားတာပေါ့။ဒါပေမဲ့ မီရိုကလည်း ခေသူတစ်ယောက်မဟုတ်တဲ့အခါ…ဆမ်ကတော့ လတ်လတ်လောလော training အောင်ထားတဲ့ လက်တွေ့မစ်ရှင်မလုပ်ဖူးသေးတဲ့ ကြေးစားလက်သစ်လေးပေါ့။ဒါပေမဲ့ Collectiveအဖွဲ့ရဲ့စနစ်ကို မီရိုဘက်ကလူတွေက ဟက်ခ်သွားတာကြောင့် အေးဂျင့်တွေအကြောင်းအကုန်ပေါ်သွားတဲ့အတွက်စနစ်ထဲမရောက်သေးတဲ့ လူသစ်လေးက မီရိုလိုရာဇာကြီးကိုဖမ်းဖို့ အဖွဲ့ထဲကကြေးစားဂုရုကြီးဟူဂိုနဲ့ လက်တွဲရဖို့ဖြစ်လာတဲ့အခါမှာတော့ ….ကြေးစားဂုရုကြီးဟူဂိုနဲ့ ဒုစရိုက်ကျားကြီးမီရိုတို့ရဲ့တိုက်ပွဲအလယ်က လူတစ်ယောက်မှမသတ်ဖူးတဲ့ ဘုရားစူးအဖြူထည်ကြေးစားလေးဆမ်တို့ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲ။မီရိုလက်က ခရစ်စတိုဖာနီလီကိုရော The Collectiveအဖွဲ့က ရသွားမှာလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ရအောင်ပါ။