Pareshan HD

Pareshan

Comedy HD 2023-06-02 7 0 Min

ခုတစ်ခါမှာတော့ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရတဲ့ တေလဂူးရုပ်ရှင်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။သရုပ်ဆောင်တွေ အများကြီးနဲ့မြိုင်မြိုင်ဆိုင်ဆိုင်ကြည့်ရမှာဖြစ်ပြီး ဇာတ်‌အိမ်ကောင်းကောင်းနဲ့ တင်ဆက်ထားပါတယ်။ဇာတ်လမ်းအနေနဲ့ကတော့ လူ့ဘောင်လူ့လောကမှာ ဖြစ်တတ်တဲ့ကိစ္စအဝဝကိုဟာသနှောပြီးကြည့်ရှုရမှာပါ။မိန်းမရှိလျှက်နဲ့ ‌အငယ်လေးတစ်ယောက်ကိုကြူးရင်း လူမိလို့ရဲစခန်းရောက်သွားတဲ့သူနဲ့၊ ဦးလေးဆီပြန်ပေးရမဲ့ငွေကို ဒုက္ခရောက်နေတဲ့ သူငယ်ချင်းကိုကူရင်း ငွေတွေပလုံသွားတဲ့သူနဲ့၊ ရည်းစားချိန်းတွေ့ရာမှဂွင်ဆင်ခံရပြီး တကယ်လက်ထပ်လိုက်ရတဲ့သူနဲ့၊သားဖြစ်သူကိုထောင်ထဲကနေထုတ်ဖို့ အာမခံငွေမရှိသူနဲ့…စစသဖြင့် ဇာတ်ကားမှာ ပျင်းစရာတစ်ကွက်မှမပါဘဲကြည့်ရှုရမှာဖြစ်ပါတယ်။ဒီတော့ ဇာတ်ကားနာမည် Pareshan (ဒုက္ခ)ဆိုတဲ့အတိုင်းလောကဓံဒုက္ခတွေကို သူတို့ဘယ်လို အမျိုးစုံကြိုးခုန်ကြမယ်ဆိုတာအပန်းဖြေရင်းကြည့်ရှုလိုက်ရအောင်ဗျာ….