ဘဝမှာဖြစ်ချင်တာတွေများပြီး ဟိုဟာလည်းလုပ်ချင် သည်ဟာလည်းလုပ်ချင်နဲ့ အလွဲတွေဖြစ်ကုန်တဲ့ ဇိုအီဆိုတဲ့ကောင်မလေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကို ဟာသ ဒရာမာအရောလေးတွေနဲ့ကြည့်ရှုကြရမှာပါ။ ဇိုအီဆိုတာက ရသစုံတီဗွီရှိုးထုတ်လုပ်ရေးတစ်ခုမှာ အလုပ်လုပ်နေတဲ့ကောင်မလေးပါ။ဇိုအီတို့က LOVE:Fully Charged ဆိုတဲ့ ချိန်းတွေ့တဲ့တီဗွီရှိုးတစ်ခုရိုက်နေတာဖြစ်ပြီးအဲဒီရှိုးမှာ ဇိုအီ မရှိလို့မဖြစ်တဲ့ ကလေးပေါက်စလိုဖြစ်နေတဲ့ ပါဝင်သူတစ်ယောက်ရှိနေပါတယ်။အဲဒါနဲ့ပဲ ဇိုအီလည်းရာထူးတိုးပြီး ရှိုးရဲ့ဇာတ်သိမ်းပိုင်းကို ကိုင်တွယ်ဖို့ တာဝန်ပေးခံလိုက်ရပါတယ်။ဖြစ်ချင်တော့ အဲဒီနေ့က ဇိုအီ့အချစ်ဆုံးသူငယ်ချင်း မင်္ဂလာဆောင်မယ့်ရက်နဲ့တိုက်နေပါတယ်။အောင်မြင်မယ့်အခွင့်အရေးနဲ့ သူငယ်ချင်းအရင်းကြီးရဲ့ကြားမှာ နှစ်ခုလုံးကိုဖြစ်အောင်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲဒါအပြင် ရည်းစားဟောင်းနဲ့ပြတ်ပြီးကတည်းက ဘဲမရှိသေးလို့ဆိုပြီးအနှိမ်မခံရအောင် အယောင်ဆောင်ရည်းစားလည်းငှားလိုက်ပါသေးတယ်။တကယ့်မင်္ဂလာပွဲနေ့နဲ့ ရှိုးပွဲနောက်ဆုံးပိုင်းနေ့ရောက်တဲ့အခါ ဘာတွေဖြစ်မလဲဇိုအီတစ်ယောက်ဘယ်လိုအမျိုးစုံကြိုးခုန်မလဲဆိုတာကို ကြည့်ရှုအားပေးနိုင်ပါပြီ။