ကလဲရာနဲ့ ဇက်ခ်တို့ဇနီးမောင်နှံက ကလေးမရနိုင်လို့ ကလေးရဖို့ကြိုးစားနေရာကနေ နောက်ဆုံးသားလေးရလာပါတယ်။ ကလဲရာက ကိုယ်ဝန်မဆောင်နိုင်တာမို့ သားလေးကို အရမ်းရင်းနှီးရတဲ့ လစ်ဇ်ကကူညီပြီး အငှားကိုယ်ဝန်ဆောင်ပေးပြီး ခက်ခက်ခဲခဲရအောင်ယူထားရတာပါ။ သားလေးရလာပြီးနောက် မိသားစုလေးတစ်ခုဖြစ်လာပြီး ပျော်ရွှင်ရမယ့်အချိန်မှာ ဘယ်လိုအနှောက်အယှက်တွေနဲ့ ကြုံရမလဲကြုံတွေ့ရမယ့် အနှောက်အယှက်တွေကကော လစ်ဇ်နဲ့ ဘယ်လိုဆက်စပ်နေလဲ။ အိမ်ကို ရုတ်တရက်ရောက်လာတဲ့ ယောက္ခမကြီးနဲ့ရော ဘယ်လိုပြသနာတွေကြုံတွေ့ရမလဲ။ မိန်းမနဲ့အမေကြားကပြသနာတွေကို ဇက်ခ်ကကော ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကို ကြည့်ရမှာပါ။ စိတ်ဝင်စားစရာကောင်းပြီး မိသားစုကြားက ပဋိပက္ခတွေ နဲ့ သူ့ဘက်ကိုယ့်ဘက်အခြေအနေတွေကိုမြင်အောင်ပြထားပါတယ်။စိတ်ဝင်စားစရာကောင်းတဲ့ မြှုပ်ကွက်တွေနဲ့မို့ ကြည့်လို့ကောင်းစေမယ့် ဇာတ်ကားကောင်းလေးတစ်ခုပါ။