မိန်းကလေးတွေ သူတို့ ဆွေမျိုးသူငယ်ချင်းတွေအတွက် သတို့သမီးအရံလုပ်ပေးတယ်ဆိုတာ ဆန်းတဲ့ကိစ္စမဟုတ်ပါဘူး။ ဒီဇာတ်လမ်းထဲက ဂျိန်းကတော့ သတို့သမီးအရံအဖြစ် 27 ကြိမ်တောင်လုပ်ပေးခဲ့ပါတယ်။ဂျိန်းငယ်ငယ်က အမ၀မ်းကွဲရဲ့မင်္ဂလာပွဲမှာ သတို့သမီးကို အကူအညီပေးလိုက်နိုင်တာကစပြီး မင်္ဂလာပွဲတွေကို သဘောကျခဲ့တာပါ။ ဂျိန်းအသက်ကြီးလာတော့ သူ့သူငယ်ချင်းတွေရဲ့မင်္ဂလာပွဲတွေမှာ အစအဆုံးမညည်းမညူပဲ အကူအညီတောင်းသမျှ အကုန် လုပ်ပေးခဲ့ပါတယ်။ ဥပမာ တစ်ရက်တည်းမှာ နှစ်ပွဲတစ်ပြိုင်နက်တက်ပြီး အရံလုပ်ပေးရတာမျိုးပေါ့။ ဂျိန်းက သူ၀တ်ခဲ့ရတဲ့အရံ၀တ်စုံတွေအားလုံးကိုလည်း ဗီရိုကြီးတစ်လုံးနဲ့အပြည့် သိမ်းဆည်းထားပြီး သူ့ရဲ့ ကိုယ်ပိုင်လက်ထပ်ပွဲရောက်လာမယ့်နေ့ကို စောင့်ဆိုင်းနေသူပါ။ ဂျာနယ်ထဲက သူ့အကြိုက်ဆုံးစာရေးဆရာရေးတဲ့မင်္ဂလာပွဲအကြောင်း ဆောင်းပါးတွေကိုလည်း သိမ်းထားခဲ့ပါတယ်။ အချစ်ရေးမှာတော့ အလုပ်က ဘော့စ် ဂျော့ကို တိတ်တခိုးချစ်နေခဲ့ပြီး ဘာမဆိုအကုန်လုပ်ပေးခဲ့ပါတယ်။ဂျိန်းမှာ ညီမတစ်ယောက်နဲ့ဖခင်ပဲရှိပြီး ညီမဖြစ်သူ တက်စ်ကို အရမ်းအလိုလိုက်အကြိုက်ဆောင်ပေးခဲ့ပါတယ်။ မထင်မှတ်ဘဲ အလုပ်ပါတီကို တက်စ်ကို လာခိုင်းရာကနေ တက်စ်နဲ့ဂျော့တို့အကြည်ဆိုက်ပြီးလက်ထပ်ဖို့အထိဖြစ်လာတဲ့အခါ ဂျိန်းက အစစအရာရာ အကုန်စီစဉ်ပေးရပါတော့တယ်။ တက်စ်ကို သူတို့မင်္ဂလာပွဲအတွက် ကော်လံရေးပေးဖို့ စာရေးဆရာ မယ်လ်ကွိုင်းကဆက်သွယ်လာတဲ့အခါ… စာရေးဆရာက ဂျိန်းအကြိုက်ဆုံးဆောင်းပါးတွေရေးတဲ့သူဖြစ်ပြီး လက်တွေ့ဘ၀မှာ မင်္ဂလာပွဲတွေကို မုန်းတဲ့သူ ဖြစ်နေတဲ့အခါ…မယ်ကွိုင်းလ်ရေးတဲ့ တက်စ်တို့အကြောင်းဆောင်းပါးက မျှော်လင့်ထားသလို အဆင်ပြေပါ့မလား… တက်စ်တို့စုံတွဲရော မင်္ဂလာပွဲ ကျင်းပဖြစ်လား… ဂျိန်းရဲ့တိတ်တခိုးအချစ်ကိုရော ဂျော့က သိသွားခဲ့လား…မယ်လ်ကွိုင်းကပါ ဂျိန်းကို ချစ်နေတဲ့အခါ ဘယ်လို ဇာတ်သိမ်းမလဲဆိုတာကို ဆက်လက်အားပေးလိုက်ကြပါဦး။