Endless Battle HD

Endless Battle

Action Crime HD 2023-08-04 9 0 Min

ဇာတ်လမ်းထဲမှာတော့ နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင် လုံခွန်းကတရားမဝင်မူးယစ်ဆေးတွေကို ရောင်းဝယ်တဲ့လူပေါ့။ရဲတွေကဒီလုံခွန်းကို ဖမ်းဆီးဖို့အတွက်နည်းမျိုးစုံသုံးဖမ်းဆီးပေမဲ့ အမြဲတမ်းလွတ်မြောက်ခဲ့တယ်။ဖြောင့်မတ်တဲ့ ရဲအရာရှိဖန်ကျန့်ကျုံးမှာအားချန်ဆိုတဲ့ ညီလေးတစ်ယောက်ရှိနေပေမဲ့ညီအစ်ကိုနှစ်ယောက်ဆက်ဆံရေးမပြေလည်ခဲ့ဘူး။မပြေလည်တဲ့အကြောင်းရင်းကတော့ အစ်ကိုဖြစ်သူကမူးယစ်ဆေးအရောင်းအဝယ်ဂိုဏ်းတွေကိုဖမ်းဆီးနေတဲ့ ရဲသားတစ်ယောက်ဖြစ်ပေမဲ့ညီကတော့အဲ့ဂိုဏ်းတွေနဲ့ အပေါင်းအပါမိတ်ဆွေတွေဖြစ်နေခဲ့တာကြောင့်ပဲ။ သို့ပေမဲ့မကြာခဏသူ့ညီအဖမ်းခံရတိုင်းဖန်ကျန့်ကျုံးရဲ့မွေးစားအဖေချင်ရဲမှူးကတော့ သူ့ညီဘက်ကနေအမြဲကာပေးပြီးလွှတ်ပေးခဲ့တယ်။တနေ့လုံခွန်းသားအငယ်ကရဲတစ်ယောက်ကို ကားသတ်မှုအပြင်မူးယစ်ဆေးမှုပါအဖမ်းခံလိုက်ရတဲ့အချိန် သားကိုချစ်မြတ်နိုးတဲ့ လုံခွန်းတစ်ယောက်ကယ်ထုတ်ဖို့ကြိုးစားပါတော့တယ်။ဒီလိုနဲ့ဒီအမြဲတမ်းလွတ်မြောက်နေတဲ့ လုံခွန်းမူးယစ်ဆေးဘုရင်မှာဘယ်သူတွေ ပါဝင်ကူညီပေးနေလဲ။ညီအစ်ကိုနှစ်ယောက်ဆက်ဆံရေးကကော ဘယ်လိုတွေကတောက်ကဆဖြစ်နေဦးမလဲ။ဒီရူပ်ထွေးလှတဲ့မူးယစ်ဆေးစီးပွားရေးလောကရဲ့ကြိုးစကိုဘယ်လိုဖြည်ကြမလဲအစရှိတဲ့စိတ်ဝင်စရာစုံထောက်မှုခင်းအက်ရှင်တို့ကို တစ်ခါတည်းဒီဇာတ်ကားကနေပြသသွားမှာဆိုတော့လက်မလွတ်တမ်းစောင့်ကြည့်လိုက်ရအောင်