ဇာတ်လမ်းကတော့ R Rated နဲ့ အညီ ကိုယ်လုံးတီးတွေပါမယ်မိုးမွှန်အောင် ဆဲဆိုနေတာလည်း ပါဝင်တဲ့အတွက် သတိချပ်စေလိုပါတယ်ဗျ။ကဲ ဇာတ်လမ်းအကြောင်းပြောမယ်…ပြောမယ်သာပြောတာတကယ်ကြည့်ဖူးသမျှထဲ ပေါက်ကရတွေဖြစ်ပြီးထူးခြားဆန်းကျယ် မှန်းမရတဲ့ဇာတ်လမ်းထဲ သူပါတယ်။အကုန်လုံးကို စနစ်တကျ ဇာတ်တိုက်ထားတာမျိုး မရှိပဲရော့ သွား ကြိုက်တာလုပ်ဆိုပြီး အကုန်လုံးကဖြစ်ချင်တိုင်းကို ဖြစ်နေကြတာမျိုး။အဓိကက ဇာတ်လမ်းနာမည်လိုပဲ အပေါင်ဆိုင်မှတ်တမ်းများဟုတ်တယ် ဒီ အပေါင်ဆိုင်လေးကို အရင်းတည်ပြီးမတူညီတဲ့ ဇာတ်လမ်းတိုလေး ၃ ပုဒ်ဖြစ်ပျက်သွားတာပေါ့လေ။အားလုံးကလည်း သူ့ဇာတ်လမ်းနဲ့သူ ရှိနေပေမယ့်တစ်ခုနဲ့တစ်ခု တူတူသွားပြီး ကြုံကြိုက်တာမျိုးလည်း ပါနေတာပေါ့သေချာတာတော့ ကြည့်နေရင်း WTF ဆိုပြီး ဖြစ်မှာကတော့သေချာပါတယ်။ကဲ ပထမဇာတ်လမ်းကတော့ လူဖြူ လူမျိုးခွဲခြားရေးဆေးသမားတသိုက်က သောက်တလွဲတွေ ဖြစ်ပြီးဓားပြသွားတိုက်မှာကို ကြည့်ရမှာပါ ဘယ်လောက်လွဲဆိုဓားပြသွားတိုက်မယ့် သေနတ်ကိုဆီဖိုးမရှိလို့ အပေါင်ခံလိုက်ရတဲ့အဖြစ်မျိုး။အဲဒီမှာ ကျွန်တော်တို့ Paul Walker ကြီးဗျာ တကယ်ထင်မထားလောက်အောင်သရုပ်ဆောင်ပီပြင်ချက် ဆေးချပြီး ၃ ရက်လောက် အိပ်မထားလို့ ဂေါက်ပြီးလစ်နေတာလွဲကြတာဆိုတာ မြင်မကောင်းဘူး ဇာတ်လမ်း ၃ ပုဒ်ထဲ အကြိုက်ဆုံးလို့ ပြောရမယ်။ဒုတိယဇာတ်လမ်းကတော့ လောလောလတ်လတ် လက်ထပ်ထားတဲ့ဘဲကြီးဘဏ်အကောင့်ဟတ်ခ်ခံရလို့ဟန်နီမွန်းထွက်ရင်း ငွေပြတ်သွားတော့မယားအသစ်လေးရဲ့လက်စွပ်သွားပေါင်တာ လွန်ခဲ့တဲ့ ၆ နှစ်ကပျောက်သွားတဲ့ပထမဆုံး မယားရဲ့လက်စွပ်တွေ့ပြီး ကမ္ဘာမြေအဆုံးလိုက်ရှာတာကို ကြည့်ရမှာပါ။အတော်Fuk up ဖြစ်တဲ့ဇာတ်ပဲ အဆုံးသတ်လှည့်ကွက်ကလည်း မထင်ထားဘူး အလေကြီး။နောက်ဆုံးဇာတ်လမ်းကတော့ Mummy မင်းသားကြီးအကြောင်း။သူက အယ်ဗစ်ပရက်စလေကိုအင်မတန်သဘောကျပြီးသူ့လိုဝတ် သူ့လိုနေပြီး ဖျော်ဖြေပွဲလိုက်လုပ်ပေးနေတဲ့လူဒါပေမဲ့ ငတ်ပြတ်နေပြီး ဆီဖိုးကို မရှိတော့ပါဘူးဒီလိုနဲ့ ဆွဲကြိုးကြီး အပေါင်ခံပြီး ဖျော်ဖြေပွဲသွားတဲ့အချိန်ဖျော်ဖြေတဲ့အချိန်ထူးဆန်းတာတွေ ကြုံတာကို ကြည့်ရမှာပါ။ကြားထဲမှာလည်း Side story အသေးစားလေးက ပါသေး။ပွင့်ပွင့်လင်းလင်းပြောရရင် IMDB 5.9 တောင် နည်းတယ်လို့ ထင်ပါတယ်တကယ်မကြည့်ရသေးရင် ကြည့်သင့်တဲ့ကားပါတချို့ ဒိုင်ယာလော့ခ်တွေဆို အသေရယ်နေရတယ်ဇာတ်ကွက်ဆန်းတယ် မထင်ထားတာမျိုးမှ လုပ်ပြတာမျိုးပြောတာကြာသွားပါပြီ ပြေးသာကြည့်လိုက်ကြပါတော့။