S.O.S Mamis 2: Mosquita Muerta HD

S.O.S Mamis 2: Mosquita Muerta

Comedy HD 2023-08-02 6.167 0 Min

IMDb 5.3/10 ရရှိထားတဲ့ စပိန်ဟာသဇာတ်ကားတစ်ကားဖြစ်ပြီး သူငယ်ချင်းသံယောဇဉ်နဲ့‌သူတို့ကြားကယုံကြည်မှုတွေကိုအဓိကထားရိုက်ကူးထားတာပါ ဇာတ်လမ်းအကျဉ်း…..ဘိုးဘွားတွေနဲ့လိုအပ်တဲ့သူတွေကိုအမြဲလှူဒါန်းကူညီပေးတတ်တဲ့စာသင်ကျောင်းတစ်ခုမှာ ထရီနီ၊ကလာရီတာ၊ဂျူလီယာနဲ့မီလာဂရို တို့ပါဝင်တဲ့ S.O.S Mamisဆိုတဲ့တက်ကြွလှုပ်ရှားတဲ့ကျောင်းသားမိဘအဖွဲ့တစ်ခုရှိပါတယ်တစ်နေ့မှာတော့အသစ်ပြောင်းလာတဲ့ကလေးတစ်ယောက်ကိုကူညီပေးရင်းကလေးအမေဖြစ်တဲ့ဒန်နီရယ်လာဟာဖော်ရွေပြီးပေါင်းသင်းဆက်ဆံရေးကောင်းတာကြောင့် မကြာခင်အားလုံးနဲ့ရင်းနှီးသွားပေမဲ့ထရီနီကတော့သံသယဝင်စရာလေးတွေကြောင့် စိတ်ထဲဘဝင်သိပ်မကျပါဘူးအဲဒါနဲ့ပဲသဘောထားကွဲလွဲတာတွေများသထက်များလာပြီးနှစ်ပေါင်းများစွာခင်လာခဲ့တဲ့သူငယ်ချင်းတွေပါသူစိမ်းဆန်သွားကြပါတော့တယ်ထရီနီထင်ထားသလိုဒန်နီရယ်လာကတကယ်ဖုံးကွယ်ထားတာတွေရှိနေတာလား ဒါမှမဟုတ်ထရီနီကပဲသံသယများနေတာလားဆိုတာကိုတော့ဘယ်သူမှသေချာမပြောနိုင်ကြပါဘူးစရိုက်မတူတဲ့သူငယ်ချင်းတွေကြားကသဘောထားကွဲလွဲတာတွေဘယ်လိုပြေလည်သွားမလဲ သူတို့သူငယ်ချင်းသံယောဇဉ်ကရောခိုင်မြဲနိုင်ပါ့မလားဆိုတာကိုဟာသလေးတွေနဲ့ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပါ