ဒီတစ်ခေါက်မှာကတော့ ဟာသဆန်ဆန်နဲ့အချစ်ဇာတ်လမ်းလေးကို သဘောကျကြသူတွေအတွက်နာမည်ကြီးမင်းသားချော Ranbi Kapoor နဲ့ မင်းသမီးချောလေး Shraddha Kapoor တို့ပါဝင်သရုပ်ဆောင်ထားပြီး Box Office ၂၁၉.၇၂ကုဋေအထိရရှိထားတဲ့Tu Jhoothi Main Makkarဆိုတဲ့ လတ်လတ်ဆတ်ဆတ်ထွက်ရှိလာတဲ့ဟာသအချစ်ဇာတ်ကားကောင်းလေးနဲ့ တင်ဆက်ပေးလိုက်ပါတယ်မစ်ကီဆိုတဲ့သူဌေးသားလေးဟာ ချစ်သူတွေကိုလမ်းခွဲရာမှာ ကူညီပေးတဲ့လမ်းခွဲရေးသမားလေးဖြစ်ပါတယ် ကိုယ့်ချစ်သူကိုလမ်းခွဲစကားပြောဖို့အခက်တွေ့နေသူတိုင်းက မစ်ကီကိုအကူညီတောင်းလေ့ရှိပါတယ်ဒီလိုသူများအကျိုးဆောင်ရာမှာ အောင်မြင်ခဲ့တဲ့မစ်ကီတစ်ယောက်ကသူ့အချစ်ဆုံးသူငယ်ချင်း မန်နူကိုသူ့ကောင်မလေးနဲ့လမ်းခွဲပေးဖို့ကူညီရာမှာတော့ ဒုက္ခလှလှတွေ့ပါတော့တယ်အကြောင်းကတော့ မန်နူရဲ့သတို့သမီးလောင်းဖြစ်သူကင်ချီရဲ့သူငယ်ချင်းတင်နီဆိုတဲ့ မိန်းမလှလေးကိုမြင်မြင်ချင်းချစ်မိသွားတဲ့အတွက်ကြောင့်ပါပဲမစ်ကီတစ်ယောက်သူ့သူငယ်ချင်းကို လမ်းခွဲပေးဖို့အတွက်ဆက်ကူညီပေးလေမလား ဘယ်လိုအလွဲလွဲအချော်ချော်တွေကြုံပြီး ဖြေရှင်းမလဲ ဒါ့အပြင်မိန်းမလှလေးတင်နီနဲ့လမ်းခွဲရေးသမားလေးမစ်ကီကြားကကွာခြားချက်တွေကြောင့်ဘယ်လိုကိစ္စတွေကြုံရမလဲဆိုတာဟာသနှောပြီးရိုဆန်ဆန်လေးဖြစ်တဲ့အချစ်ဇာတ်လမ်းလေးကို ရင်ခုန်စွာကြည့်ရှူ့ရအောင်