Killer Joe HD

Killer Joe

Crime Drama Thriller HD 2011-09-10 6.5 102 Min

Killer Joe ဇာတ်ကားဟာ 2013 ခုနှစ် COFCA Award မှာ Best Overlooked Film အပါအဝင် တခြားသော ဆုပေးပွဲတွေမှာပါ 9 wins တိတိရရှိခဲ့တဲ့ Crime Drama တစ်ခုပဲဖြစ်ပါတယ်။ဒီကားထဲမှာဆိုရင် 2014 ခုနှစ် Best Performance by an Actor in a Leading Role နဲ့ အော်စကာဆုရရှိခဲ့သူ မင်းသားကြီး Matthew McConaughey ကို Killer Joe အနေနဲ့မြင်တွေ့ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း Drug Dealer တစ်ယောက်ဖြစ်တဲ့ ခရစ်က အကြွေးပိပြီး အ‌မေဖြစ်သူထားထားတဲ့ အသက်အာမခံကြေးကို မျက်စေ့ကျရာက အမေ့ကို သတ်ပြီးအသက်အာမခံကြေးတွေကို သိမ်းဖို့ အဖေဖြစ်သူနဲ့အတူ ပေါင်းကြံရာက ဇာတ်လမ်းစပါတယ်။ ခရစ်နဲ့ သူ့အဖေက သူ့တို့ရဲ့ ညီမဖြစ်သူ ဒေါ့တီဟာ အမေဖြစ်သူရဲ့အမွေစားအမွေခံဖြစ်လိမ့်မယ်လို့တစ်ထစ်ချယုံကြည်ပြီး ဒီအစီအစဉ်ကိုဆွဲ၊ စုံထောက်တစ်ယောက်တစ်ဖြစ်လဲ အချိန်ပိုင်းလူသတ်သမားတစ်ယောက်ဖြစ်တဲ့ Killer Joe ကို ငှားခဲ့ကြပေမဲ့ အခြေအနေတွေက သူတို့စီစဉ်ထားတဲ့အတိုင်းဖြစ်လာပါ့မလား။ ပလော့တွစ်တွေနဲ့အတူ ကြည့်ရှုသွားရမဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်