Role Models HD

Role Models

Comedy HD 2008-11-07 6.491 99 Min

ဇာတ်လမ်းလေးကိုညွှန်ရမယ်ဆိုရင်တော့ကိုယ့်အလုပ်နဲ့ ဘဝကိုစိတ်ပျက်နေတဲ့ Danny နဲ့ အဲဒီအလုပ်ကိုပဲလုပ်ပြီး ပျော်ပျော်နေတတ်တဲ့ Wheeler တို့နှစ်ယောက်ကတော့ လုပ်ဖော်ကိုင်ဖက်တွေပါ။ Dannyက လက်ပေါက်လည်းကပ်သလို လူတွေကိုလည်း ဆတ်ဆတ်ထိမခံလောက်တဲ့အထိ ဘဝကြီးကို စိတ်ပျက်နေတဲ့သူပါ တနေ့တော့ သူ့ရဲ့ မကောင်းမြင်စိတ်တွေကို သူ့ကောင်မလေး ဘတ်က သည်းမခံနိုင်တော့တာနဲ့ လမ်းခွဲလိုက်ပါလေရော။ နဂိုကတည်းကမှ လောကကြီးကို စိတ်ပျက်နေတဲ့လူက ချစ်သူကပါ လမ်းခွဲသွားတော့…….(ချစ်သူကမုန်း ဖဲကရှုံး) ဆိုသလိုဖြစ်သွားပါလေရောအဲဒီစိတ်နဲ့ပဲ စိတ်ထင်ရာလုပ်မိလို့ အကြီးအကျယ်ပြဿနာတက်ပြီး ထောင်ရက် ၃၀ ကျမဲ့ကိန်းဆိုက်ပါတော့တယ်။ အဲဒီ ထောင် ရက်ပေါင်း ၃၀ အစား လူမှုဝန်ထမ်း ရက် ၃၀လုပ်ပေးဖို့သူ့ကောင်မလေးဘတ်က တရားသူကြီးဆီမှာ အသနားခံပြီးတောင်းပေးလိုက်တဲ့အခါမှာတော့ Danny နှစ်ယောက်ဟာ ကလေးတွေကို အဖော်လုပ်လမ်းညွှန်ပေးရတဲ့ လူမှုရေးပရဟိတ အဖွဲ့ကြီးဆီရောက်သွားပါတော့တယ်။ ဆိုးလှပါပြီဆိုတဲ့ Danny နဲ့ သူထိန်ပေးရမဲ့ ကလေးတွေတွေ့တဲ့အခါ ဘယ်လိုမျိုးလေးတွေဖြစ်မလဲ ကလေးတွေပဲ အဆင်ပြေသွားမလား Danny ကြီးပဲ လိမ္မာသွားမလားဆိုတာကြည့်ရမဲ့ ကားကောင်းလေးတစ်ကားပါပဲ…….