Take Care of Maya FHD

Take Care of Maya

Documentary FHD 2023-06-10 7.7 103 Min

Netflix ရဲ့ မှတ်တမ်းရုပ်ရှင်ကောင်းတစ်ခုဖြစ်ပြီး Ratingလည်း 7.8 အထိရထားပါတယ်။ Take care of Maya ဆိုတာမာယာကိုဝါစကီးဆိုတဲ့ကောင်မလေး အသက်ဆက်ရှင်နိုင်ဖို့ကြိုးစားရင်း အမေရိကန် ဆေးဘက်ဆိုင်ရာနဲ့ တရားဥပဒေရေးရာမှာ အတော်လေးပွဲဆူသွားတဲ့ case ပါ။မာယာဟာ ငယ်စဉ်ကကျန်းမာပေမယ့် 10 နှစ်သမီးလောက်မှာထူးဆန်းတဲ့ အာရုံကြော ရောဂါတစ်ခုကိုခံစားလာရပါတယ်။CRPS လို့ခေါ်တဲ့ ရောဂါကြောင့်ခြေထောက်တွေလက်တွေမလှုပ်ရှားနိုင်အောင်ဖြစ်ပြီး ခန္တာကိုယ်အနှံ့ နာကျင်မှုတွေလည်းဖြစ်လာပါတယ်။ သာမန်ဆေးထိုးဆေးကုနဲ့ပျောက်တဲ့ရောဂါမဟုတ်ပဲ ကြာလေ ဆရာ၀န်တွေလည်း အဖြေရှာမတွေ့နိုင်အောင်ဖြစ်လာပါတယ်။ မိခင်ဖြစ်သူ ဘီရတာကိုဝေါစကီးကိုလည်း စိတ်ပုံမှန်မဟုတ်ဘူးဆိုပြီး စွပ်စွဲပြီး ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့က အုပ်ထိန်းခွင့်ယူလိုက်ပါတယ်။သောကတွေများနေတဲ့ မိခင်ဘီရတာက အဆုံးစီရင်သွားမှ အမှုကပိုရှုပ်ထွေးလာပါတော့တယ်။ ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင် ဇာတ်ကားကောင်းဖြစ်ပါတယ်။