Snow, Tea and Love HD

Snow, Tea and Love

Comedy Science Fiction HD 2021-09-10 7.7 115 Min

Snow..Tea and Love ဆိုတော့ ဖတ်ကြည့်လိုက်ရင် ဘာမှ ဆက်စပ်လို့မရပါဘူး၊ မရဆို လူနာမည်တွေဖြစ်နေတာကိုး။ Snow..နဲ့ Tea တို့က ပြစ်မှုနဲ့ ထောင်ကျပြီး ထောင်ထဲမှာ ဘော်ဒါတွေဖြစ်နေကြပါတယ်။ Love ကတော့ Tea ရဲ့ ဘော်ဒါဖြစ်ပြီး Tea ထောင်မကျခင်တုန်းက အိန္ဒိယမာဖီးယားတစ်ယောက်ဆီမှာ အတူတူအလုပ်လုပ်ကြပါတယ်။ တစ်ရက်မှာ မားဖီးယားဘော့စ်က အလုပ်ခိုင်းဖို့ ရှိလာတော့ Love တစ်ယောက် Tea ကို ထောင်ထဲကထုတ်ဖို့လုပ်ရတော့တာပေါ့။ ဒီလိုနဲ့ ထောင်ဖောက်ဖို့ အစီအစဉ်တွေပြောနေတုန်းမှာပဲ တလွဲတွေဖြစ်ပြီး Tea ကိုထောင်ထဲကထုတ်ဖို့ Love ပါ ထောင်ထဲလိုက်ဝင်ရပါတော့တယ်။Snow.Tea နဲ့ Love တို့ သုံးယောက်သား ထောင်ဖောက်ဖို့ လုပ်ရာမှာဘာတွေဘယ်လို တလွဲတွေဖြစ်ကြဦးမလဲ၊ ထောင်ကထွက်လာပြီး လုပ်ရမယ့်ကိစ္စမှာလည်း ဘယ်လိုတွေ တိုင်ပတ်ကြဦးမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ မတူညီတဲ့ လူသုံးယောက်ရဲ့ မတူညီတဲ့ စရိုက်တွေနဲ့ တလွဲဟာသကားလေးဖြစ်လို့ စိတ်အပန်းဖြေဖို့အတွက် သင့်တော်မယ့် ကားကောင်းလေးဖြစ်ပါတယ်။