Paradise HD

Paradise

Action Thriller Science Fiction HD 2023-06-24 6.784 117 Min

ကိုယ့်ဘဝရဲ့ကျန်ရှိတဲ့သက်တမ်းထဲကအချိန်တချို့ကိုပေးလိုက်ရုံနဲ့ပိုက်ဆံတွေရနိုင်တယ်ဆိုရင်သင်ရောယူမှာလား။ဒီလိုမျိုးအလဲအလှယ်ကိုရောသင်ဘယ်လိုထင်ပါသလဲ။အီယွန်ဆိုတဲ့ကုမ္ပဏီတစ်ခုကအဲ့ဒီလိုတခြားသူတစ်ယောက်ရဲ့သက်တမ်းတွေကိုပိုက်ဆံအများကြီးနဲ့လဲလှယ်ပေးတဲ့ကုမ္ပဏီတစ်ခုဖြစ်ပါတယ်မက်စ်ဆိုတဲ့လူတစ်ယောက်ကအဲ့ဒီကုမ္ပဏီမှာအလုပ်လုပ်နေတဲ့အချိန်လှူဒါန်းခြင်းမန်နေဂျာတစ်ယောက်ပဲဖြစ်ပါတယ်။လှူဒါန်းခြင်းလို့ခေါ်တယ်ဆိုပေမဲ့တကယ်တမ်းကတော့ကိုယ့်ရဲ့အချိန်တွေကိုရောင်းစားနေတာပါပဲသူကဆင်းရဲတဲ့လူတွေကိုအချိန်တွေလှူဒါန်းအောင်လို့လိုက်ပြီးနားချရတဲ့လူတစ်ယောက်ဖြစ်ပြီးအလုပ်ကြိုးစားလွန်းတဲ့အတွက်တစ်နှစ်တာအကောင်းဆုံးဝန်ထမ်းတွေပါဖြစ်ခဲ့ပါတယ်ဒါပေမယ့်တစ်နေ့မှာတော့သူတို့အကြွေးနဲ့ဝယ်ယူထားတဲ့တိုက်ခန်းမီးလောင်သွားတဲ့အခါသူ့မိန်းမကိုယ်တိုင်ရဲ့ သက်တမ်း နှစ်ပေါင်း ၄၀ နဲ့ပြန်ဆပ်ဖို့ဖြစ်လာခဲ့ပါတော့တယ်အဲ့အခါကျမှသူများတွေကိုအချိန်လှူဒါန်းဖို့လိုက်ပြောနေတဲ့အီယွန်တစ်ယောက်လဲကိုယ့်အလှည့်ကျမှဒီလိုကြုံလာတဲ့အခါဆပ်ပြာသည်လင်ပျောက်သလိုတွေဖြစ်နေပါတော့တယ်ဒီလိုနဲ့ကြံရာမရတဲ့အဆုံးသူ့ဘဝမှာ မိုက်ရူးရဲအဆန်ဆုံးလုပ်ရပ်ကိုလုပ်ဖို့ ကြိုးစားပါတော့တယ်….