Foodies HD

Foodies

Comedy Romance HD 2022-05-12 7 91 Min

Foodiesကားရဲ့ အဓိကhighlightက Netherlandsနိုင်ငံရဲ့ မြို့တော်Amsterdamရဲ့ ရှုခင်းအလှတွေပါ။ ဇာတ်လမ်းထဲမှာဆိုရင် အစားအသောက်ချစ်တဲ့စိတ်ရင်းကြောင့် Food bloggerဖြစ်လာတဲ့ဆမ်၊ဆမ်ရဲ့bffဂျက်ကလင်း၊ chef မာကို၊ Food bloggerလီလီယမ် တို့ ပါဝင်ပါတယ်။ ရိုမန့်နဲ့ comedyအခန်းတွေကိုတော့ heavyမဖြစ်ပဲ အနောက်တိုင်းကားတွေမှာမြင်နေကြအတိုင်း ပေါ့ပေါ့ပါးပါးပဲသွားထားတယ်။ ဇာတ်ကားနာမည်က Foodieဆိုပေမဲ့ အစားအစာနဲ့ပက်သက်ပြီး အထူးတလည်သင်ယူရတာမျိုးတော့မပါဘူး။ ဇာတ်ကားရဲ့ပေးချင်တဲ့messageတစ်ခုတော့ရှိတယ်။ Actor/Actressတွေသရုပ်ဆောင်တာအသက်ပါတယ်။သရုပ်ဆောင်နေတာလို့မမြင်ပဲ အပြင်မှာတကယ်ရှိတဲ့သူတွေလိုမျိုး ခံစားချက်ရစေတယ်။ ဇာတ်လမ်းက Food bloggerနှစ်ယောက်ပြိုင်ဆိုင်ကြတာကိုသမာရိုးကျပဲသွားထားပေမဲ့ အဆုံးထိမပျင်းပဲကြည့်ရတယ်။ Family, Friendship, Romance, Comedyခန်းတွေပါတယ်။ ကောင်းမွန်တဲ့ စိတ်ခံစားချက်ပေးတဲ့ကားမျိုးဖြစ်ပြီးတော့ရှုခင်းကောင်းကောင်းနဲ့ စိတ်ပြေလက်​ပျောက်ကြည့်ကောင်းတဲ့ကားမျိုး၊ lightဖြစ်ပြီးအများကြီးတွေးစရာမလိုတဲ့ဇာတ်ကားတစ်ကားမျိုးပေါ့။