LEGO Disney Princess: The Castle Quest FHD

LEGO Disney Princess: The Castle Quest

Animation FHD 2023-08-18 7.7 47 Min

သားသားမီးမီးတို့တင်မက လူကြီးတွေပါ စိတ်ပါရင်ကြည့်လို့ရမယ့် ၂၀၂၃ ခုနှစ် အသစ်ထွက် Lego ရုပ်လေးတွေနဲ့ပုံဖော်တင်ဆက်ထားတဲ့ Disney မင်းသမီးလေးတွေရဲ့စွန့်စားခန်း ကာတွန်းလေး ဖြစ်ပါတယ်။ဒီဇာတ်ကားလေးထဲမှာ အဓိက လူဆိုးက Beauty and the Beast ထဲကဂတ်စတွန် ဖြစ်ပြီး မင်းသမီးလေးတွေကတော့Snow White က စနိုးဝှိုက်တို့ Moana ထဲက မိုအာနာတို့ The LittleMermaid ထဲကအေရီရယ်တို့ Rapunzel ထဲက ရာပန်ဇယ်တို့နဲ့The Princess and the Frog ထဲက တီအာနာတို့က ပါဝင်ထားကြတာပါ။ဇာတ်လမ်းလေးကတော့ ဂတ်စတွန်ဟာမှော်ကြေးမုံနဲ့အတူမှော်ဝင်ပစ္စည်းတွေကို လိုက်သိမ်းပိုက်နေပြီးကုန်းမြေတွေကို အပိုင်စားရနေတော့ အေရီရယ်ရဲ့အဖေဖြစ်သူထရစ်တွန်ရဲ့ သုံးခွမှိန်းကြီးကို လာယူပြီးပင်လယ်ကိုပါ အုပ်စိုးဖို့ ကြံစည်နေတာပါဒီမှာတင် တစ်ကမ္ဘာလုံး လူယုတ်မာလက်အောက်မကျရောက်ရအောင် ပင်လယ်ဘုရင်ကြီးကရဲရင့်တဲ့စစ်သည်တော် ၅ ပါးကို ဆင့်ခေါ်လိုက်တဲ့အခါမှာတော့စနိုးဝှိုက်၊ မိုအာနာ၊ အေရီရယ်၊ ရာပန်ဇယ်နဲ့တီအာနာတို့ ရောက်လာပါတယ်။ဆိုတော့ ဂတ်စတွန်တစ်ယောက် ဒီ သူရဲကောင်း ၅ ယောက်ကိုမှော်ကြေးမုံရဲ့ အကူအညီနဲ့အတူ စိန်ခေါ်မှု ၃ ရပ်ကို တာဝန်ပေးလိုက်ပါတယ်။ဒီ စိန်ခေါ်မှုတွေကိုအချိန်မှီလုပ်နိုင်မယ်ဆိုထရစ်တွန်မသေတဲ့အပြင် သူ လက်လျှော့မယ်ဆိုတာဖြစ်ပြီးမအောင်မြင်ရင်တော့ ကုန်းမြေရော ပင်လယ်ပါ သိမ်းပိုက်မယ်လို့ ဆိုလာပါတယ်။အဲဒါကြောင့် ဒီ မင်းသမီးလေး ၅ ပါးကဒီအရာတွေကို ကယ်တင်ဖို့အတွက်ရဲတိုက်ထဲမှာ စိန်ခေါ်မှုတွေကို ဖြတ်သန်းရင်း စွန့်စားခန်း ထွက်ရပါတော့တယ်။LEGO ရုပ်လေးတွေဆိုတော့ ချစ်စရာကောင်းနေပြီးပျော်ပျော်ပါးပါးစွန့်စားခန်းထွက်ကြတာကိုမိသားစုဆန်ဆန် ကြည့်ရှုခံစားရမယ့်Animation ကားလေးပဲ ဖြစ်ပါတယ်။