အလှပဂေးလေးနဲ့ လူ့ဂွစာကြီးပါလို့ ကားနာမည်က အဓိပ္ပါယ်ရပါတယ်…အလှပဂေးလေးဆိုတဲ့အတိုင်း ကိုလံဘီယာမင်းသမီးချော Lina Tejeiroရဲ့အလှအပတွေကိုတစ်ကားလုံးတစ်ဝကြီးမြင်တွေ့ရမှာပါ…။ရိုးရိုးယဥ်ယဥ်လေးကတစ်နည်း ဆွဲဆောင်မှုပြင်းပြင်းကတစ်ဖုံနဲ့ကို ခံစားရမှာပါ…။ဇာတ်လမ်းထဲမှာတော့ သူဟာ အမျိုးသားထု အသုံးတော်ခံရွှေကြာလေးအဖြစ်သရုပ်ဆောင်ထားပြီးဘဝအတွက် ငွေရှာရင်းရုန်းကန်နေရသူပါ…။တစ်နေ့မှာတော့ သူ့ဆီကို လူတစ်သိုက်က အလုပ်လာကမ်းလှမ်းပါတယ်…။အလုပ်ကတော့ လူ့ဂွစာကြီးတစ်ယောက်ကိုပြုပြင်ပေးဖို့၊ လူ့ဂွစာကြီးနေထိုင်ရာတိုက်ခန်းကနေထွက်သွားအောင်ဖြားယောင်းပေးဖို့ပါ….။ဒီလူ့ဂွစာကြီးကဟာ ဘယ်လောက်တောင်ဆိုးလဲဆိုရင် ညကြီးအချိန်မတော်သီချင်းတွေအကျယ်ကြီးဖွင့်လို့ဖွင့်၊ ကားကိုလည်း စည်းမရှိကမ်းမရှိ အပေါက်ဝပိတ်ရပ်လို့ရပ်နဲ့၊ပြောမကုန်တဲ့ နည်းမျိုးစုံနဲ့ သူ့အိမ်နီးချင်းတွေကို ဒုက္ခမျိုးစုံပေးသူပါ….။ကြာတော့ အိမ်နီးချင်းတွေက မခံနိုင်ဖြစ်လာပြီး ရွှေကြာလေးကို ငှားကာ လူ့ဂွစာကြီးကိုနှင်ချဖို့ကြံပါတယ်….။ဒီတော့ အလှပဂေးလေးနဲ့ လူ့ဂွစာကြီးဇာတ်လမ်းက ဘယ်လိုဖြစ်သွားမလဲဆိုတာကိုမင်းသမီးကြည့်ရရုံနဲ့တန်တဲ့ ဒီSpanish Comedy Movieလေးထဲမှာကြည့်ရှုလို့ရပါပြီ။