Marlon Wayans နဲ့ Regina Hall တို့လို နာမည်ကြီးသရုပ်ဆောင်တွေပါဝင်ထားတဲ့ comedy ရုပ်ရှင်ပါ။ ဇာတ်ကတော့ ဟာကဇာတ်ပေမဲ့ ထူးထူးခြားခြား တော်စားတယ်ပြောရမှာပဲ။ Marlon Wayansကလည်း ဒီလိုဇာတ်ကြောင်တွေနဲ့ လိုက်တယ်ဆိုတော့ ဂျင်းစိမ်းနဲ့မိဿလင်လို လိုက်ဖက်နေရောပေါ့။ ဇာတ်က ရော့အန်ဒါဆန်လို့ခေါ်တဲ့လူတစ်ယောက်ရှိတယ်။ သူက သူသိပ်ချစ်တဲ့ကောင်မလေးနဲ့ လက်ထပ်ဖို့ အရာရာအသင့်ဖြစ်နေပြီ။ နက်ဖြန် လက်ထပ်မယ်ဆိုတော့ ဒီည သူငယ်ချင်းနဲ့ ပျော်တယ်ပါးတယ်ပေါ့။ဒီလိုနဲ့ နောက်နေ့မနက်မှာတော့ သူနိုးလာတော့ ဓာတ်လှေကားတစ်ခုထဲ ကိုယ်တုံးလုံးကြီးဖြစ်နိုးလာတယ်။ လက်ထပ်ပွဲနဲ့လည်း တော်တော်လှမ်းတယ်။ ဒီလိုနဲ့သူဓာတ်လှေကားထဲက တုံးလုံးကြီးဘဝကနေ လက်ထပ်ပွဲဆီရောက်ဖို့ကြိုးစားပေမဲ့ နောက်တစ်နာရီတိုင်းမှာ သူ ဒုံရင်းဓာတ်လှေကားထဲပဲ ကိုယ်လုံးတီးနဲ့ ပြန်ပြန်နိုးလာပါတယ်။ ဒီအခြေအနေကနေ လွတ်မြောက်အောင် ဘယ်လိုလုပ်မလဲဆိုတာကို ထပ်ခါထပ်ခါဇာတ်ဝင်ခန်းတွေကို ပျင်းဖို့မကောင်းဘဲ စိတ်ဝင်စားစရာကောင်းအောင်ပြသွားပါတယ်။ father of time loopsရုပ်ရှင်ဖြစ်တဲ့ groundhogdayရဲ့ အငွေ့အသက်ကို နည်းနည်းယူထားတာမို့ time loopsကားကြိုက်တဲ့လူတွေရော groundhog dayဖန်တွေ ရော ကြိုက်ကြလောက်ပါတယ်။