Key to Love HD

Key to Love

Comedy Romance TV Movie HD 2023-04-01 6.5 90 Min

ကျွန်တော်တို့ဟာ ဘဝရဲ့တစ်ကွေ့ကွေ့မှာချစ်ခြင်းမေတ္တာနဲ့ တွေ့ဆုံကြဖူးမှာပါ။ ဒီရုပ်ရှင်ဟာလည်း အချစ်အကြောင်းဖော်ကြူးရိုက်ကူးထားတယ်ဆိုပါတော့ဗျာ။ ဒီဇာတ်ကားမှာ မင်းသားဖြစ်သူ ဂျော့်ရှ်ကအဖိုးဆုံးပြီး အမွေတွေရတော့ မြို့ကြီးကနေသူရဲ့ချက်မြုပ်ဇာတိနယ်မြို့လေးကို ပြန်လာရတယ်။ ဇာတ်လိုက်မင်းသမီးလေးကအမွေရထားတဲ့စာအုပ်ဆိုင်လေးကိုဦးစီးပြီး နယ်မြို့လေးမှာပဲငြိမ်းချမ်းစွာနေထိုင်နေတယ်ပေါ့။မင်းသားနဲ့မင်းသမီး အမှတ်မထင်တွေ့ဆုံခဲ့ပြီးသူတို့ရဲ့တွေ့ဆုံမှုကအစမကောင်းခဲ့ဘူး။ နောက်မှ သေချာတွေ့ဖြစ်ကြပြီး တစ်ယောက်ကိုတစ်ယောက်ချစ်ခင်စုံမက်သွားကြတယ်။ ဒါပေမဲ့ ဘဝဆိုတာ အဲဒီလောက်လည်း ဘယ်လွယ်ကူမလဲဗျာ။ ဂျော့ရှ်အဖိုးဆီကနေ ငွေတွေခွာယူနေတဲ့ဗီလိန်ရှေ့နေကြီးနဲ့ သူ့သမီးကလည်းမင်းသားနဲ့မင်းသမီးရဲ့ချစ်ခြင်းကို အမျိုးမျိုးဝင်နှောက်ကြသေးတာပေါ့။ အဆုံးမှာတော့ မထင်မှတ်ထားတဲ့အလှည့်အပြောင်းတွေဖြစ်ပြီး ဘယ်လိုဇာတ်သိမ်းသွားမလဲဆိုတာတော့ ကိုယ်တိုင်ပဲဆက်လက်ကြည့်ရှုခံစားကြည့်ကြပါ။ ခရင့်ချ်ဖြစ်တဲ့ အချစ်ဇာတ်လမ်းတွေ ကြိုက်တဲ့သူတွေဆိုရင်တော့ ဒီရုပ်ရှင်လက်မလွှတ်တန်းကြည့်သင့်ပါတယ်လို့အကြံပေးပါရစေခင်ဗျာ။