Aana HD

Aana

Fantasy Horror HD 2021-10-29 8.3 114 Min

Aanaဇာတ်ကားမှာတော့ Suriတို့သူငယ်ချင်းငါးယောက်ဟာ ပညာတတ်တွေဖြစ်ကြပေမဲ့ ကိုဗစ်ကာလမှာ အလုပ်ပြုတ်ကာ ဘဝပျက်သွားခဲ့ကြပါတယ်။ မိသားစုကို ထောက်ပံ့ဖို့အတွက် Suriနဲ့သူငယ်ချင်းတွေက လူတွေကို ဓားပြတိုက်ကာ ငွေရှာနေရတဲ့အဖြစ်ကိုပါ ရောက်နေခဲ့တယ်။အကြွေးတွေကြောင့်ငွေအရေးတကြီးလိုအပ်နေတဲ့အတွက် Suriတို့ဟာ သူဌေးNaga Varmaရဲ့ တစ်ဦးတည်းသောသမီးAanaကို ပြန်ပေးဆွဲဖို့ ဆုံးဖြတ်ခဲ့ကြတယ်။Aanaဟာလူဗမာသည်မိန်းကလေးဖြစ်တာကြောင့် သူ့ကိုပြန်ပေးဆွဲဖို့က Suriတို့အတွက် လွယ်ကူခဲ့တယ်။Aanaကို ပြန်ပေးဆွဲပြီး သူ့အဖေဆီကနေပြန်ပေးငွေတောင်းတဲ့အချိန်မှာတော့ Naga Varmaဟာ သမီးဖြစ်သူကို စိုးရိမ်ရမဲ့အစား ပြန်ပေးသမားတွေဘေးကင်းရေးကိုသာ စိတ်ပူနေတဲ့အတွက် Suriတို့လဲအထူးတဆန်းဖြစ်နေခဲ့တယ်။အဲ့အချိန်မှာဘဲAanaကို ဖမ်းဆီးထားတဲ့ အိမ်ကြီးမှာ ထူးဆန်းမှုတွေ တစ်ခုပြီးတစ်ခုဖြစ်လာခဲ့တော့တယ်။Suriတို့ သူငယ်ချင်းတွေဘေးကင်းကင်းနဲ့ ထွက်ပြေးနိုင်ပါ့မလား။Aanaမှာရော ဘယ်လိုလျို့ဝှက်ချက်တွေရှိနေမလဲဆိုတာကို ကြည့်ရှူကြပါအုံး။