ဇာတ်လမ်းအကျဉ်းမှာတော့… ကန်ဒရာဆိုတဲ့အောင်မြင်တဲ့ဓာတ်ပုံဆရာမလေးတစ်ယောက်ဟာပျော်ရွှင်တဲ့အိမ်ထောင်သည်တစ်ယောက်ဖြစ်ပြီးသူ့ဘဝလေးကအားလုံးပြည့်စုံနေခဲ့ပါတယ်ဒါပေမဲ့ထင်ထားသလိုမဖြစ်တတ်တဲ့လောကကြီးကသူ့ဘဝကိုအကြီးကြီးပြောင်းလဲသွားစေပါတော့တယ် ဖောက်ပြားတတ်တဲ့ယောက်ျားဖြစ်သူအကြောင်းကိုသိသွားပေမဲ့ကန်ဒရာဟာသူ့ရဲ့အိမ်ထောင်သည်ဘဝကိုနှမြောတာကြောင့်နည်းအမျိုးမျိုးနဲ့သည်းခံပြီးဆက်ပေါင်းနေခဲ့ပါသေးတယ်ဒီကြားထဲမှာအရင်ကသူ့ရဲ့ရည်းစားဟောင်းဖြစ်သူပါပေါ်လာပြီးသုံးယောက်ကြားမှာအပူတွပွားလာပါတော့တယ် ကန်ဒရာတစ်ယောက် သူ့ရဲ့အဆိပ်သင့်နေတဲ့အိမ်ထောင်ရေးကနေရုန်းထွက်ပြီး right person ကိုရှာတွေ့နိုင်ပါ့မလား သူ့အချစ်ရေးကရောချောမွေ့နိုင်ပါ့မလားဆိုတာကိုကြည့်ရှုရမှာပါ အချစ်ဒရမ်မာဇာတ်လမ်းလေးဖြစ်ပြီး toxic relationship ကနေရုန်းမထွက်နိုင်ဘဲ (I can fix him/her) “ငါသူ့ကိုပြောင်းလဲသွားအောင်လုပ်ပေးနိုင်တယ်”လို့ခံယူထားတဲ့သူတွေကြည့်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်