ဒီကားကိုတော့ ထွေထွေထူးထူးပြောမနေတော့ပါဘူး posterကြည့်လိုက်တာနဲ့ရွှင်ရွှင်မြူးမြူး Musicalကားလေးဆိုတာ အားလုံးခန့်မှန်းမိကြမှာပါ။Gabriel’s Infernoကားတွေရဲ့ မင်းသားချော Giulio Berrutiလည်းပါဝင်ထားပါတယ်။ Meddieဟာ အီတလီနိုင်ငံ ပူလီယာကမ်းခြေမှာ ရည်းစားသက်တမ်းသိပ်မကြာသေးတဲ့ချစ်သူနဲ့ လက်ထပ်ဖို့ပြင်ဆင်နေပါတယ်။ Meddie မသိတာကသူ့ရဲ့ခင်ပွန်းလောင်းဟာ သူ့ညီမTaylorရဲ့ရည်းစားဟောင်းဖြစ်နေတာကိုပေါ့။Taylor အနေနဲ့လည်း အစ်မဖြစ်သူရဲ့ စပရိုက်စ်အတိုက်ခံလိုက်ရပြီး သူ့ခဲအိုဟာသူမမေ့နိုင်သေးတဲ့ချစ်သူဆိုတော့ ပျာယာတွေခတ်ကုန်တာပေါ့။ဒါပေမဲ့သူ့အစ်မကောင်းကျိုးအတွက် Taylor ဟာ အရာအားလုံးကို ဖုံးကွယ်ထားဖို့ကြိုးစားပါတော့တယ်။ သူတို့ရဲ့သုံးပွင့်ဆိုင်အချစ်ရေးဟာ ဘယ်လိုဆက်ဖြစ်မလဲ၊အရမ်းချစ်ကြတဲ့ညီအစ်မနှစ်ယောက်ကရော ဆက်ပြီးအဆင်ပြေပါ့မလား၊သူငယ်ချင်းတွေကရော ဘယ်လိုကူညီပေးကြမလဲဆိုတာ ၈၀ ခုနှစ်ကနာမည်ကြီးပေါ့သီချင်းတွေနဲ့အတူ မြိုင်မြိုင်ဆိုင်ဆိုင်ကြည့်ကြရမှာပါ။