Highwaymen FHD

Highwaymen

Action Crime Horror Thriller FHD 2004-02-13 5.694 80 Min

မော်လီဟာ သူငယ်ချင်းဖြစ်သူ အဲလတ်စ်နဲ့ကားမောင်းပြီး အိမ်ပြန်နေချိန်မှာ ကားတစ်စီးက သူတို့ကိုအချက်ပြပြီးကျော်သွားလိုက်တယ်။ ခဏအကြာ လှိုဏ်ခေါင်းထဲ အဝင်မှာ ကားမတော်တဆဖြစ်မှုတစ်ခုကိုတွေ့လိုက်ရတယ်။ဒဏ်ရာရသူတွေကူညီဖို့အတွက် သူငယ်ချင်းနှစ်ယောက် အပြင်ထွက်လိုက်ကြတယ်။ မော်လီကို ဒဏ်ရာရသူတွေကိုကြည့်ခိုင်းထားပြီး အဲလတ်စ်ကတော့ လမ်းပေါ်တက်ပြီး အကူအညီတောင်းတဲ့အခါကားတစ်စီးက အဲလတ်စ်ကိုတမင်ဝင်တိုက်ပြီးသတ်လိုက်တယ်။ ဖြစ်ရပ်အစအဆုံးကို မြင်သွားတဲ့ မော်လီကိုထပ်တိုက်မယ်အလုပ်မှာ လူတစ်ယောက်ရောက်လာတဲ့  အတွက် ထွက်ပြေးသွားတယ်။နောက်တော့ရဲတွေရောက်လာပြီးမော်လီကိုကယ်ဆယ်ပေးလိုက်ကြတယ်။စိတ်ဒဏ်ရာရသွားတဲ့မော်လီဟာ ကားတိုက်ခံရပြီးကိုယ်လက်အင်္ဂါဆုံးရှုံးသွားတဲ့သူတွေကိုစိတ်သက်သာရာရအောင်ကုစားပေးတဲ့သင်တန်းကိုတက်နေချိန်မှာခရေးဆိုတဲ့လူတစ်ယောက်ကမော်လီနဲ့စကားလာပြောတယ်။ကားတိုက်ပြီးထွက်ပြေးတဲ့သူကို သူသိကြောင်း ၊နောက်တစ်ခါထပ်လာလိမ့်ဖြစ်ကြောင်း၊တရားခံကိုရဲတွေမဖမ်းပေးနိုင်‌ပေမယ့် သူကူညီနိုင်ကြောင်းပြောပြတဲ့အခါ မော်လီလည်းခ‌ရေးနဲ့ အတူလက်တွဲပြီး အလုပ်လုပ်ဖို့လက်ခံလိုက်တယ်။ ဒီလိုနဲ့မော်လီနဲ့ ခရေးတို့တရားခံကိုဘယ်လိုအခက်အခဲ‌တွေနဲ့ဖမ်းမလဲဆိုတာဆက်လက်ကြည့်ရှုပေးပါဦး။