Frank and Cindy FHD

Frank and Cindy

Comedy Drama FHD 2015-06-16 5.348 102 Min

ဒါရိုက်တာ GJ Echternkamp က သူ့ ငယ်ဘဝအကြောင်းကို ရုပ်ရှင်အနေနဲ့ ပြန်ပြီးရိုက်ကူးထားတဲ့ ဒရမ်မာဟာသ ဖြစ်ရပ်မှန်ကားလေး ဖြစ်ပါတယ်။GJ ဆိုတဲ့ကောင်လေးဟာ ကောလိပ်ပြီးတော့သူ့အမေအိမ်ကို ပြန်ရောက်လာပါတယ်။သူ့အမေ စင်ဒီက သူ ငယ်စဉ်ကတည်းက နောက်အိမ်ထောင်နဲ့ ဖြစ်ပြီး ပထွေးဖြစ်သူဖရန့်ကလည်း အရင်တုန်းက နာမည်ကျော် တီးဝိုင်းထဲက ဖြစ်ပါတယ်။ သူ့အမေစင်ဒီက အရက်သမားတစ်ယောက်ဆိုပေမဲ့အခုတော့ ဖြတ်ထားတာ ၁၅ လလောက်ရှိပြီပြောပါတယ်။ ပထွေးဖြစ်သူ ဖရန့်ကတော့ ဘာအလုပ်မှ မလုပ်ပဲ တစ်နေကုန်အရက်သောက် ပြီးရင် မိန်းမဆူတာ ထိုင်ခံနေတဲ့ ဝတုတ် လူပေလူတေကြီးပေါ့လေအဲဒီလိုဆူတယ်ဆိုတာလည်း သူ့အမေ ဖရန့်ကို လက်ထပ်တုန်းက နာမည်ကြီးတီးဝိုင်းထဲကဆိုတော့ မျက်နှာရမယ် ဂုဏ်ရှိတယ် ဆုပေးပွဲတွေ ဘာတွေတက်ရမယ်ထင်ပြီး ယူခဲ့ပြီးမှ ဖွတ်ထွက်မှ တောင်ပို့မှန်းသိတော့တာကိုး။ အဲဒီမှာတင် GJတစ်ယောက် သူ ဝါသနာပါတဲ့ ကင်မရာနဲ့ သူတို့အိမ်ရဲ့ တစ်နေ့တာမှတ်တမ်းလေးတွေကိုမှတ်တမ်းတင် ရုပ်ရှင်ရိုက်ကူးခဲ့ပါတော့တယ်။ တစ်ဖက်မှာလည်း GJကကောင်မလေးပွေပေမဲ့ ကိတ်ဆိုတဲ့ကောင်မလေးနဲ့ တွေ့ခဲ့ချိန်မှာတော့…။ ဒီလိုနဲ့GJ တစ်ယောက်ရဲ့ မိသားစု၊အချစ်ရေးက ပျော်စရာ ကြည်နူးစရာ စိတ်ညစ်စရာဒုက္ခ စသဖြင့် ဖော်ကြူးထားတဲ့ ဒရမ်မာဟာသကားလေးပဲ ဖြစ်ပါတယ်။မင်းသားကြီး Oliver Platt နဲ့ မင်းသမီးကြီး Rene Russo တို့ကတော့ ဝါရင့်သရုပ်ဆောင်တွေပီပီ ဇာတ်လမ်းကို အကောင်းဆုံး သရုပ်ဆောင်ပြသွားခဲ့တာပါအကြိုက်ဆုံး ဒိုင်ယာလော့ခ်လေးတစ်ကြောင်းကတော့ “ဘဝမှာ နောင်တရမယ့်အရာမျိုးဘယ်တော့မှ မလုပ်မိ/မဖြစ်ပါစေနဲ့” တဲ့။