The Hunger Games FHD

The Hunger Games

Fantasy Adventure Science Fiction FHD 2012-03-12 7.194 142 Min

ကတ်နစ်အဲဗားဒင်းတို့နေတဲ့နယ်မြေလေးမှာနှစ်စဉ်ပြုလုပ်နေကျ ပွဲတစ်ပွဲရှိပါတယ်။နယ်မြေသေးသေးလေးက သိတက်တဲ့အရွယ်ရောက်လူတိုင်းရဲ့နာမည်တွေကိုဖန်ခွက်အကြီးတစ်ခုထဲထည့်ထားပြီး ပွဲစီစဉ်သူတစ်ဦးကလက်သင့်ရာကို နှိုက်လိုက်ပါတယ်။နာမည်ကတ်နှိုက်ခံလိုက်ရတဲ့သူက မဲပေါက်သွားတာမဟုတ်သလိုဆုလက်ဆောင်ရသွားတာမျိုးတော့ မဟုတ်ပါဘူး။စစ်မြေပြင်တစ်ခုလိုဖန်တီးထားတဲ့နေရာတစ်ခုကိုသွားရောက်ပြီးတော့သူသေကိုယ်သေယှဉ်ပြိုင်တိုက်ခိုက်ရမှာပဲဖြစ်ပါတယ်။ကံဆိုးရင်တော့ အသက်ပေးရမယ်ကံကောင်းရင်တော့သူရဲကောင်းဖြစ်မယ်ဆိုတဲ့လူအများစောင့်ကြည့်နေတဲ့အစီအစဉ်တစ်ခုမှာသူတို့ကသွားရောက်ပြီးတော့ ဖျော်ဖြေပေးရသလိုပါ။ဒီနှစ်ရဲ့အမျိုးသမီးနေရာမှာဝင်ရောက်ယှဉ်ပြိုင်ရမဲ့ညီမလေးအစားကတ်နစ်တစ်ယောက်ကိုယ်စားယှဉ်ပြိုင်ပေးဖို့ တောင်းဆိုရာကနေဇာတ်လမ်းကို စတင်ထားပါတယ်။နယ်မြေ (၁၂)ခုကနေ တစ်နယ်မြေကို ၂ယောက်နှုန်းနဲ့၂၄ယောက်ကြားမှာကိုယ်တစ်ယောက်တည်းအသက်ရှင်ဖို့ဘယ်လိုကြိုးစားရုန်းကန်ကြရတယ်ဆိုတာကို ရိုက်ကူးထားတာဖြစ်ပါတယ်