စတေစီဆိုတဲ့ကောင်မလေးဟာ ဂျူးမိသားစုဝင်တစ်ယောက်ပါပဲ။ဂျူးတွေမှာ ဘာသာရေးအရ ၁၃ နှစ်ပြည့်ပြီးဆိုရင် Bat Mitzvah ဆိုတဲ့အခမ်းအနားကျင်းပပြီး လူကြီးအဖြစ်သတ်မှတ်ခံရပါတယ်။အဲဒီနေ့ဟာ ဂျူးတိုင်းအတွက် အရေးအကြီးဆုံးနေ့ပါပဲ။လူငယ်လေးတွေအနေနဲ့လည်း သူတို့ရဲ့ Bat Mitzvah နေ့ကို အပြီးပြည့်စုံဆုံးဖြစ်ဖို့ ကိုယ်စီ စိတ်ကူးတွေယဉ်ကြတာပါ။အစဉ်အလာအရ ဘုရားကျောင်းမှာ ကုသိုလ်တစ်ခုလုပ်ရမယ်၊ တိုရာကျမ်းစာရွတ်မယ်၊ မိန့်ခွန်းတစ်ခုပြောမယ်၊ညကျရင် ပါတီအကြီးအကျယ်ဆင်နွှဲရပါတယ်။စတေစီဟာလည်း သူ့ရဲ့ Bat Mitzvah နေ့အတွက် သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်း လစ်ဒီယာနဲ့ ပြင်ဆင်ပြီး စိတ်ကူးတွေယဉ်နေခဲ့တာကြာပါပြီ။ဒါပေမဲ့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ကကြားကို ကောင်လေးတစ်ယောက်ရောက်လာပြီးBat Mitzvah နေ့မတိုင်ခင်မှာပဲ စိတ်ဝမ်းကွဲသွားကြပါတော့တယ်။တော့ သူတို့အပြန်အလှန်ကူညီဖို့ စီစဉ်ထားတဲ့ Bat Mitzvah တွေမှာဘယ်လိုဖြစ်လာမလဲဆိုတာ…