Murder Mystery HD

Murder Mystery

Crime HD 2023-08-18 4 72 Min

ကိုယ်လက်အင်္ဂါမပြည့်စုံတဲ့ အလောင်းတစ်ခုကို တွေ့ရှိခဲ့တဲ့အမှုက စပြီး ချုံးကျိုးက ကွင်းဆက်လူသတ်မှုတွေကိုဖြေရှင်းဖို့ ရဲအရာရှိချင်ဟာ ချုံကျိုးကို ရောက်ရှိလာခဲ့ပါတယ်။အမှုအတွက် စုံစမ်းရင်းကနေ ယွမ်မိသားစုက ညီအငယ်ဆုံးယွမ်ကျားလျန်ကိုတရားခံအဖြစ် သံသယအရှိဆုံးမို့ သွားရောက်စစ်ဆေးမေးမြန်းခဲ့ပေမဲ့ယွမ်ကျားလျန်ဟာ ရဲအရာရှိချင်တို့ လာရောက်စစ်ဆေးမေးမြန်းပြီးရက်ပိုင်းမှာပဲ အသတ်ခံခဲ့ရပြီး အလောင်းကို ခြေလက်တွေ ခုတ်ဖြတ်ပြီး စွန့်ပစ်ထားတာကိုခံခဲ့ရပါတယ်။ဘယ်သူမှန်းသိရအောင် ဒီအင်န်အေ စစ်ရာမှအလောင်း ၂ လောင်းဟာ သွေးသွားရင်းချာအဖြစ်ပတ်သက်မှုရှိနေတဲ့အခါမှာတော့ ယွမ်ကျားလျန်ရဲ့သွေးသားရင်းချာ ၂ ယောက်ဖြစ်တဲ့ အစ်ကိုကြီး ယွမ်ကျားချန်နဲ့အစ်ကို ၂ ယွမ်ကျားယိတို့ကိုပါ စစ်ဆေးဖို့ ဖြစ်လာပါတော့တယ်။ဒါပေမဲ့ ယွမ်ကျားချန်ဟာ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းကစက်ရုံဂိုထောင်မီးလောင်မှုကြောင့် သေဆုံးသွားခဲ့ပြီးယွမ်ကျားယိကတော့ အစ်ကိုကြီးသေဆုံးသွားကတည်းကတောင်ပိုင်းမှာ အလုပ်သွားလုပ်ဖို့ ထွက်သွားရင်း အဆက်အသွယ်မရတော့တဲ့သူ ဖြစ်နေပါတယ်။ရဲအရာရှိချင်တစ်ယောက် ကွင်းဆက်လူသတ်မှုတွေကိုဖော်ထုတ်ဖို့ ကြိုးစားရင်း လွန်ခဲ့တဲ့ ၂ နှစ်ကစက်ရုံဂိုထောင်မီးလောင်မှုကိုပါ အမှုတွဲပြန်လှန်ရတဲ့အခါဘယ်လိုအဖြစ်မှန်တွေ ထပ်မံပေါ်ထွက်လာဦးမလဲလူသတ်တရားခံက လုံးဝထင်မထားတဲ့သူ ဖြစ်နေတဲ့အခါရဲအရာရှိချင်တစ်ယောက် လူသတ်သမားကိုဘယ်လိုဖော်ထုတ်မလဲဆိုတာကိုဆက်လက်ကြည့်ရှုခံစားပါ