ဒီခယ်လီဒီ၊ နော်လာဇီ၊ လင်ဒါနဲ့ ရှာဒေးတို့ဟာ တက္ကသိုလ်ကျောင်းသူဘဝကတည်းကစသိလာကြပြီး အခု အသက် ၃၀ ပြည့်တော့မယ့်အချိန်ထိ အင်မတန်ကိုရင်းနှီးခင်မင်နေကြတဲ့သူငယ်ချင်းလေးယောက်ပဲဖြစ်ပါတယ်။ဒီခယ်လီဒီက တယ်ဘိုဂိုဆိုတဲ့သူနဲ့ ဆယ်နှစ်ကျော်လောက်ချစ်ကြိုက်ခဲ့ပြီးသမီးလေးတစ်ယောက်တောင်ရှိနေပေမယ့်လို့ အခုချိန်ထိ လက်မထပ်ရသေးပါဘူး။ နော်လာဇီကတော့ Single တစ်ယောက်ပါ၊ Single ဆိုပေမယ့်လည်း သူ့အသက် ၃၀ ပြည့်မွေးနေ့ရက်မှာတင်ပဲ သူ့မှာကိုယ်ဝန်ရှိနေတာကိုသိလိုက်ရပါတယ်။ လင်ဒါကတော့ ချစ်သူ၊ ရည်းစားတွေသာ ဗလပွများပြားနေပေမယ့် ငယ်ဘဝက ဖခင်နဲ့ဝေးကွာခဲ့ရမှုတွေ၊ မိခင်မကျန်းမမာဖြစ်မှုတွေကြောင့် commitment issues တွေရှိနေပြီး Relationship က ဒီထက်ပိုလေးနက်ပြီး လက်ထပ်မယ့်အဆင့်ရောက်လာပြီဆိုတာနဲ့ ချက်ချင်းကိုပဲ အဆက်ဖြတ်ပစ်လေ့ရှိတဲ့သူတစ်ယောက်ပေါ့။ ရှာဒေးဆိုတဲ့မိန်းကလေးကတော့မိန်းကလေးအများစုစိတ်ကူးယဉ်တတ်သလို အိပ်မက်ထဲကမင်းသားလေးနဲ့တွေ့ပြီးလက်ထပ်ရဖို့ကို ငယ်စဉ်ကတည်းကစိတ်ကူးယဉ်ခဲ့သူတစ်ယောက်ပါ။ သူစိတ်ကူးယဉ်ခဲ့ရသလိုပဲ လက်တွေ့မှာလည်း Perfect ဖြစ်တယ်ဆိုတဲ့ယောကျ်ားနဲ့ မကြာခင်မှာ လက်ထပ်တော့မှာဖြစ်ပေမယ့်လို့ ခင်ပွန်းလောင်းဖြစ်သူက ထင်ထားသလောက်လည်း Perfect ဖြစ်နေတာမဟုတ်ပါဘူး။ဒီတော့ မကြာခင် အသက် ၃၀ ဆိုပြီး ထိပ်စီးပြောင်းကြတော့မယ့် ဒီသူငယ်ချင်းလေးယောက်ရဲ့ဘဝဟာ အခုလက်ရှိဖြစ်နေကြတဲ့ အခြေအနေတွေအတိုင်းပဲရှေ့ဆက်သွားမလား၊ ဘာတွေ ထူးထူးခြားခြားတွေ ဆက်ဖြစ်သွားဦးမယ်ဆိုတာကိုတော့ ဒီ “Love, Sex and 30 Candles” လေးကိုကြည့်ပြီးပဲအဖြေရှာကြည့်လိုက်ပါဦး။