Real Love HD

Real Love

Comedy Romance TV Movie HD 2023-06-10 9.333 88 Min

ကန်ဒရာဟာ ဘဝမှာစာမှစာကြိုးစားလာခဲ့ပြီး စကောလားရှစ်နဲ့ ကောလိပ်ကိုရောက်လာခဲ့တဲ့ စာကြိုးစားတဲ့ကျောင်းသူလေးတစ်ယောက်ပါ။ ကိုယ်ဘာဖြစ်ချင်လဲဆိုတာကို သေချာသိတဲ့ကန်ဒရာ့အတွက်သူ့ပန်းတိုင်ကိုရောက်ဖို့ဟာ သူ့ရဲ့ပထမဦးစားပေးပါပဲ။ တဘက်မှာ ဘန်ဂျမင်ကတော့ တစ်သက်လုံး မိဘတွေကြိုးဆွဲရာကလာခဲ့တဲ့ mamaboy လေးတစ်ယောက်ပါ။ သူ့ရဲ့အသုံးစရိတ်၊ ကျူရှင်လခတွေကအစမိဘတွအပေါ်မှာပဲ တသက်လုံးမှီခိုလာခဲ့တဲ့ဘန်က သူဘာဖြစ်ချင်လဲဆိုတာလည်း သေချာမသိသလို မိဘတွေဖောက်ပေးတဲ့လမ်းကိုပဲလျှောက်ဖို့ လွယ်လွယ်တွေးထားခဲ့ပါတယ်။ဒီလိုမျိုးအစစအရာရာမတူညီတဲ့လူနှစ်ယောက်ကြားမှာ အချစ်တစ်ခုပေါက်ဖွားလာတဲ့အခါမှာတော့ သူတို့ရဲ့အချစ်နဲ့ အရာရာကိုညှိယူဖို့ ဘယ်လိုကြိုးစားကြမလဲ။ ရည်မှန်းချက်ကြီးမားတဲ့ကန်ဒရာကရောအချစ်နဲ့ရည်မှန်းချက်ကြားမှာ ဘယ်အရာကိုရွေးချယ်မလဲ။ သူချစ်တဲ့ဘန် ကိုပြောင်းလဲပေးဖို့ရော ဘယ်လိုကြိုးစားမလဲ။ ဒီဇာတ်ကားလေးကို ပုံမှန်ဆယ်ကျော်သက် အချစ်ဇာတ်လမ်းတစ်ပုဒ်လို့တွေးထားခဲ့ပေမဲ့ တကယ်တမ်းကြည့်ကြည့်တဲ့အခါမှာတော့ ဆွတ်ပျံ့ကြည်နူးဖို့ကောင်းပြီး လှပတဲ့အချစ်ပုံပြင်လေးတစ်ပုဒ်ပါ။ ဒီ (၂၀၂၃) ကမှ ထွက်ရှိထားတာဖြစ်ပြီး IMDB rating 7.4အထိရရှိထားတာမို့ Romantic Drama movie တစ်ကားအနေနဲ့ rating မြင့်ပြီး ကြည့်လို့ကောင်းမဲ့ ဇာတ်ကားတစ်ကားပါပဲ။